ဟယ်ရီပေါ်တာမျက်မှန်နဲ့ လိုက်ဖက်မှုအရှိဆုံးသော Kpop Idol (၁၀) ယောက်

Posted on - Dec 13 []

Mia Zin

စာရေးသူ

"ဟယ်ရီပေါ်တာမျက်မှန်" လို့ နာမည်ပြောင်ပေးထားတဲ့ မျက်မှန်အ၀ိုင်းလေးဟာ Kpop Idol တွေအကြားမှာ ရေပန်းစားတဲ့ဖက်ရှင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုမျက်မှန်ပုံစံမျိုးနဲ့ လိုက်ဖက်တဲ့ မျက်နှာကို ရှားတယ်ဆိုပေမယ့်လည်း အခုဖော်ပြပေးမယ့် Idol (၈) ယောက်နဲ့ကတော့ အတော်လေးကို လိုက်ဖက်မှုရှိလွန်းနေတာကို တွေ့ရပါတယ်။ သူတို့တွေက ဘယ်သူတွေဖြစ်ကြသလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

1. BTS’s Jin

တော်ရုံလူနဲ့ မလိုက်ဖက်တဲ့ အဆိုပါ ဟယ်ရီပေါ်တာမျက်မှန်ဟာ BTS ရဲ့ Jin တပ်ဆင်လိုက်တဲ့အခါမှာတော့ လိုက်ဖက်မှုရှိလွန်းယုံသာမက ချစ်စရာကောင်းနေတာကိုပါ တွေ့ရပါတယ်။

2. EXO’s Baekhyun

မျက်မှန်မျိုးစုံကို တပ်ဆင်ခဲ့ဖူးတဲ့ Baekhyun ကတော့ ဒီမျက်မှန်ကို တပ်ဆင်လိုက်တဲ့အခါမှာ ဆယ်ကျော်သက်အရွယ် စာကြမ်းပိုးလေးတစ်ယောက်နဲ့တောင် တူနေတယ်လို့ ပရိသတ်တွေက ဆိုကြပါတယ်။

3. ASTRO’s Cha Eunwoo

“Face Genius” လို့ နာမည်ပြောင်အပေးခံထားရတဲ့ Cha Eunwoo တစ်ယောက်ကတော့ ဒီမျက်မှန်လေးတပ်ဆင်လိုက်ကာမှ ပိုပြီးလို့တောင်မှ ကြည့်ကောင်းသွားသလိုလိုပါပဲနော်။

4. TWICE’s Jeongyeon

ဝတ်စုံရယ်၊ ဆံပင်ပုံစံရယ်နဲ့ မျက်မှန်တွေက Jeongyeon နဲ့ အတော်လေးကို လိုက်ဖက်မှုရှိလွန်းနေပြီး Harry Potter ဇာတ်ကားထဲက ဇာတ်ကောင်ပုံစံနဲ့တောင် အလားသဏ္ဍာန်တူနေပါတယ်။

5. BLACKPINK’s Jennie

ဆက်စီကျတယ်လို့ ပရိသတ်တွေက လက်ခံထားကြတဲ့ Jennie ကတော့ ဒီမျက်မှန်ပုံစံမျိုးတပ်လိုက်တဲ့အချိန်မျိုးမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို့ အထင်မှားရလောက်အောင် ငယ်ရွယ်တဲ့ပုံစံလေး ဖြစ်ပေါ်သွားတာ ဖြစ်ပါတယ်။

6. Red Velvet’s Wendy

ဟယ်ရီပေါ်တာမျက်မှန်လိုပုံစံမျိုးနဲ့ လိုက်ဖက်တဲ့ Idol တွေထဲမှာ Wendy တစ်ယောက်လည်း အပါအ၀င်ပါပဲ။

7. BLACKPINK's Rose'

Rose' တစ်ယောက် ဒီမျက်မှန်တပ်ဆင်ခဲ့ဖူးတုန်းကလည်း အွန်လိုင်းမှာ အတော်လေးကို လူကြိုက်များခဲ့ဖူးပါတယ်။

8. IU

အဆိုတော်မလေး IU ကတော့ ဘေးတိုက်ကြည့်နေရင်တောင် ထိုမျက်မှန်လေးနဲ့ ဘယ်လောက်တောင်များ လိုက်ဖက်မှုရှိနေသဲဆိုတာကို ပရိသတ်တွေ အသိပါပဲ။ ပရိသတ်တွေကရော အဆိုပါ ဟယ်ရ်ီပေါ်တာမျက်မှန်လေးက ဘယ် Idol နဲ့ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ထင်ပါသလဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။