အိပ်ယာမှနိုးထလာတဲ့ အလန်းစားပုံရိပ်လေးနဲ့ နှုတ်ဆက်စကားဆိုလာတဲ့ သင်ဇာဝင့်ကျော်

Posted on - May 18 []

K Kay

စာရေးသူ

ပရိသတ်​​တွေအရမ်းချစ်​ကြတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ သူမကိုယ်​သူမ အမြဲ ယုံကြည်​မှုရှိပြီး တက်​ကြွလန်းဆန်း​နေတတ်​တဲ့ ဆွဲ​ဆောင်​မှုရှိလွန်းသူ​လေး တစ်​ဦးပါ။ အမြဲလိုလို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ အမိုက်​စား ​ဖက်​ရှင်​​တွေနဲ့ ပွဲတက်​​လေ့ရှိတဲ့ သင်​ဇာ​လေးက​တော့ ပရိသတ်​​တွေရဲ့ စိတ်​အာရုံကို အမြဲဖမ်းစားထားနိုင်​သူ​လေးဆိုရင်လည်း မမှားပါဘူး​။ လတ်​တ​လောမှာ​တော့ သင်​ဇာလေးက မနက်ခင်းအလှကို အစချီပြီး အိပ်ယာထဲက နိုးထလာချိန်မှ ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို တစ်လောကလုံး လှုပ်ခတ်သွားအောင် လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

မိုမိုလေး ချစ်ပရိသတ်တွေအတွက် အိပ်ယာထဲမှ Sexy ဆန်တဲ့ ပုံရိပ်လေးတွေနဲ့ ပုရိသတွေကို ဗြောင်းဆန်သွားအောင် လုပ်လိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ချစ်စရာပုံရိပ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

မနက်ခင်းကို အလန်းစားပုံရိပ်လေးတွေနဲ့ အစချီလာတဲ့ သင်ဇာလေးကတော့ " ☀️ Good morning ☀️ " ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာသမား​ကောင်း တစ်​ဦးဖြစ်​တဲ့ သင်​ဇာ​လေးက​တော့ အခက်​အခဲ​တွေကို မမှုပဲ သူမချစ်​တဲ့ အနုပညာကိုသာ အ​ကောင်းဆုံး​နဲ့ တာဝန်​အ​ကျေဆုံး ပုံ​ဖော်​​နေတာပဲ ဖြစ်​ပါတယ်​။

သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း တစ်ခါတစ်လေမှာ အားလုံးနဲ့ဆန့်ကျင်ပြီးနေရတာ သဘောကျတယ်ဆိုတဲ့ သင်​ဇာ​ဝင့်ကျော်ရဲ့ အိပ်ယာထဲမှာ ရိုက်ကူးထားတဲ့ အလှကြီးလှနေတဲ့ အလန်းစား ပုံရိပ်လေးကိုကြည့်ရင်း သဘောကျ ကြိုက်နှစ်သက်မိတယ်ဆိုရင် မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။

Kay Kay
Ref : Thinzar Wint Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။