အိန္ဒိယနိုင်ငံမှာ ပြသဖို့ တားမြစ်ခံထားရတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားများ

Posted on - May 18 []

Douglas Thura

စာရေးသူ

Hollywood က တစ်ချို့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေဟာ နိုင်ငံတကာမှာ ရုံတင်ပြသပြီး ၀င်ငွေသန်းပေါင်းများစွာနဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တယ်ဆိုပေမဲ့လည်း ဇာတ်ညွှန်းအရ လူငယ်တွေနဲ့ ၊မိသားစုဝင်တွေနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတွေပါဝင်နေတာကြောင့် တစ်ချို့ နိုင်ငံကြီးတွေမှာ ပြသခွင့်မရတာကိုလည်း တွေ့ ရပါတယ်။ အထူးသဖြင့် အာရှတိုက်က နိုင်ငံတော်တော်များများဟာ မဖွယ်မရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့ Drama ရုပ်ရှင်တစ်ချို့ ကို ရုံတင်ပြသဖို့ တားမြစ်ထားတာကို ပရိသတ်တွေအနေနဲ့ လည်း သိကြပြီဖြစ်မှာပါ။ အခုဖော်ပြပေးမှာကတော့ လူငယ်တွေကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေကြောင့် အိန္ဒိယနိုင်ငံမှာ ပြသခွင့်မရတဲ့ ရုပ်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရုံတင်ပြသဖို့ တားမြစ်ခံထားရတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ...

Dirty Grandpa (2016)

2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ Dirty Grandpa ဇာတ်ကားဟာလည်း အသက်မပြည့်သေးသူတွေမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းမျိုးတွေ ပါဝင်နေတာကြောင့် အိန္ဒိယနိုင်ငံမှာပြသဖို့ တားမြစ်ခံခဲ့ရပါတယ်။

Indiana Jones and the Temple of Doom (1984)

1984 ခုနှစ်ကထွက်ရှိခဲ့တဲ့ Indiana Jones and the Temple of Doom ဇာတ်ကားကတော့ ဟိန္ဒူဘာသာနဲ့ ပတ်သက်ပြီး negative သဘောမျိုးနဲ့ ရိုက်ကူးပြထားတာကြောင့် ဆင်ဆာအဖွဲ့ က ရုံတင်ပြသဖို့ တားမြစ်ခဲ့တာပါ။

Fifty Shades Of Grey

2015 ခုနှစ်ကထွက်ရှိထားတဲ့ 50 Shades of Grey ဇာတ်ကားကတော့ လိင်အသားပေးဇာတ်ဝင်ခန်းတွေများစွာပါဝင်တာကြောင့် ရိုက်ကူးဖို့ အကြိမ်ကြိမ်အပယ်ခံခဲ့ရပြီး ရုံတင်ပြသတဲ့အခါမှာလည်း နိုင်ငံတော်တော်များများမှာ တားမြစ်ခံခဲ့ရတာဖြစ်ပါတယ်။

Cannibal Ferox (1981)

1981 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cannibal Ferox ဇာတ်ကားကတော့ သွေးသံရဲရဲ ရွံရှာစပ်ဆုပ်ဖွယ် ဇာတ်ဝင်ခန်းတွေနဲ့ ပြည့်နှက်နေတာကြောင့် အိန္ဒိယနိုင်ငံအပါအ၀င် နိုင်ငံပေါင်း(၃၁)နိုင်ငံမှာ ပြသဖို့ တားမြစ်ခံခဲ့ရပါတယ်။

The Da Vinci Code (2006)

2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Da Vinci Code ဇာတ်ကားကတော့ ခရစ်ယာန်ဘာသာဝင်တွေကို ဆန့် ကျင်မျိုးသဘောမျိုးသက်ရောက်နေတာကြောင့် Punjab, Goa, Nagaland, Meghalaya, Maharashtra, Tamil Nadu နဲ့ Andhra Pradesh ပြည်နယ်တို့ မှာ ပြသဖို့ တားမြစ်ခံခဲ့ရပါတယ်။

The Girl With The Dragon Tattoo (2011)

2011 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Girl With The Dragon Tattoo ဇာတ်ကားဟာ ကြမ်းကြမ်းရမ်းရမ်းအက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ အတူ အသက်မပြည့်သူတွေမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ လည်း ပါဝင်တာကြောင့် အိန္ဒိယနိုင်ငံမှာ ပြသဖို့ တားမြစ်ခံရတာဖြစ်ပါတယ်။

Magic Mike XXL (2015)

2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ Magic Mike XXL ဇာတ်ကားဟာ ယောက်ျားလေးအဖော်အချွတ်အကသမားတွေအကြောင်း ရိုက်ကူးပြထားတာကြောင့် တားမြစ်ခံရတာဖြစ်ပါတယ်။

Ref : ScoopWhoop
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။