အေဂျက်ဇ်ကစားသမားဘ၀ မြန်မြန်မကုန်ဆုံးစေဖို့ ဒီဂျောင်လုပ်ခဲ့တဲ့အရာ

Posted on - May 18 []

Gunner Ksr

စာရေးသူ

ဖရန်ကီဒီဂျောင်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့တော့မှာဖြစ်ပေမယ့် အေဂျက်ဇ်ကို အလွန်သံယောဇဉ်ရှိသူဖြစ်ပြီး ဖြစ်နိုင်မယ်ဆိုရင် အေဂျက်ဇ်ကစားသမားဘ၀မှာ ခပ်မြန်မြန် မကုန်ဆုံးစေချင်တဲ့ပုံပါပဲ။ ဒီဂျောင်ဟာDe Graafschap ကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အေဂျက်ဇ်အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ပါဝင်ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ပွဲချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ အေဂျက်ဇ်အသင်းရဲ့ဂျာစီ ကို နောက်တစ်ကြိမ် ၀တ်ဆင်ခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အသိက ဒီဂျောင်ကို ဘယ်လောက်များ ပူပန်စေလိုက်မလဲ။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂျောင်ဟာ အေဂျက်ဇ်အသင်းကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ရောက်ရှိလာခဲ့သူပါ။ အေဂျက်ဇ်ဟာ သူ့ဘ၀ရဲ့ အရေးပါဆုံးအစိတ်အပိုင်းတစ်ခုလို့ ပြောရမှာဖြစ်ပြီး အခုလို ဘာစီလိုနာကို ထိပ်တန်းအသင်းကို ပြောင်းရွှေ့ပြီး ကမ္ဘာပေါ်မှာ ထင်ပေါ်စေဖို့ အေဂျက်ဇ်က ဒီဂျောင်ကို အများကြီး ကူညီပေးခဲ့တာပါ။

အမ်စတာဒမ်ကို ချစ်မြတ်နိုးစိတ်ဟာ ဒီဂျောင်ရင်ထဲမှာတော့ အပြည့်ပါပဲ။ ဒါကြောင့် ဒီဂျောင်ဟာ သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ အေဂျက်ဇ်ကစားသမားဘ၀ ခပ်မြန်မြန် မကုန်ဆုံးစေဖို့အတွက် ကွင်းလယ်ဒိုင်ကို တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ ဒီဂျောင်အနေနဲ့ အချိန်ပိုများများပေးပြီး အချိန်တော်တော်ကြာ ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါပဲ။ ဒီဂျောင်အနေနဲ့ အဲဒီလို ကွင်းလယ်ဒိုင်ကို သွားစကားပြောနေတဲ့ပုံရိပ်တွေကို အမိအရ ရိုက်ကူးနိုင်ခဲ့ပြီး အဲဒီဗီဒီယိုဖိုင် အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ရာမှာတော့ အေဂျက်ဇ်ပရိသတ်တွေက အလွန်သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။

ပြီးခဲတဲ့ ရက်သတ္တပတ်တုန်းကတော့ အေဂျက်ဇ် ပရိသတ် ၁ သိန်းခန့်ဟာ ဒီဂျောင်ရဲ့ အေဂျက်ဇ် နောက်ဆုံး အိမ်ကွင်းပွဲစဉ်ကို လာရောက်ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။ ဒီဂျောင်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းကို ကနဦး ပေါင် ၆၅သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

Ref Sport bible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။