သိသိသာသာကြီးကို လွဲမှားနေတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ဝင်ခန်းများ

Posted on - May 18 []

Douglas Thura

စာရေးသူ

ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့ ထွက်ရှိပြီးခဲ့သမျှ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေအားလုံးကို ရသတစ်မျိုးစီခံစားရင်း ကြိုက်နှစ်သက်ခဲ့ကြမှာပါ။ ဒါပေမဲ့ အပြည့်စုံဆုံးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာတောင် ပရိသတ်တွေ သတိမထားမိလိုက်တဲ့ လွဲမှားမှုတွေ၊ မသိမသာလွဲချော်သွားတဲ့ အမှားတွေဆိုတာ တစ်ကားစီမှာ ရှိကြစမြဲပါပဲ။ ဇာတ်ညွှန်းကောင်းလွန်းလို့ သာ ဇာတ်ရှိန်တက်ပြီး ထိုအမှားတွေကို သတိမထားမိခဲ့ကြတာပါ။ ပရိသတ်တွေအနေနဲ့ သုံး၊လေးခါလောက်ပြန်ကြည့်ရင်တောင် သတိမထားမိနိုင်လောက်အောင် သိသိသာသာကြီးလွဲချော်နေခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကတော့ ...

Braveheart

13 ရာစုနှစ်အတောအတွင်းကို ရိုက်ကူးထားတဲ့ Braveheart ရုပ်ရှင်ထဲမှာ Kilt(စကော့တလန်တောင်ပေါ်သား ဂါဝန်) ကို ၀တ်ဆင်ထားတာ တွေ့ ကြရမှာပါ။(တစ်ကယ်တော့ အဆိုပါဂါဝန်ဟာ 16 ရာစုနှစ်မှာမှ စတင်ဖန်တီးချုပ်လုပ်ကြတာဖြစ်ပါတယ်)

The Princess And The Frog

နာမည်ကြီးကာတွန်းရုပ်ရှင် The Princess and the Frog ထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာလည်း မင်းသမီးလေး Tiana ဟာ ရွှေနားကပ်တွေကို ၀တ်ဆင်ထားတာတွေ့ ရပေမဲ့ တစ်ခဏအတွင်းမှာပဲ နားကပ်တွေရှိမနေတော့တာကို တွေ့ ရပါတယ်။(ကျွတ်ကျသွားတာပဲလား၊ လူမမြင်အောင် ချွတ်လိုက်တာလားပဲ မသိဘူးနော်)

Spider-Man

Spiderman တစ်ယောက် ပင့်ကူစွမ်းအားတွေ စတင်ရရှိချိန်မှာ သူ့ အခန်းထဲ ပင့်ကူမျှင်တွေနဲ့ ဝုန်းဒိုင်းကြဲခဲ့တဲ့ ဇာတ်ဝင်ခန်းကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ အဆိုပါဇာတ်ဝင်ခန်းမှာလည်း မီးအိမ်ကိုပါ ပင့်ကူမျှင်တွေနဲ့ ပစ်မိသွားခဲ့ပေမဲ့ ခဏလေးအတွင်းမှာပဲ မီးအိမ်က နဂိုနေရာမှာ အကောင်းအတိုင်းရှိနေတာကို တွေ့ ရပါတယ်။

Pretty Woman

Pretty Woman ရုပ်ရှင်ထဲမှာ မင်းသမီး Julia Roberts စားနေတဲ့ လခြမ်းပေါင်မုန့် ဟာ ရုတ်ချည်းဆိုသလို ပန်ကိတ်အဖြစ် ပြောင်းလဲသွားတာ တွေ့ ရပါတယ်။

The Dark Knight

အော်စကာဆုရ The Dark Knight ရုပ်ရှင်ထဲမှာ The Gotham Times သတင်းစာမှာ Heist ကို Hiest လို့ မှားရေးထားတာကို အထင်းသားမြင်ရမှာပါ။

American Sniper

American Sniper ရုပ်ရှင်ထဲမှာလည်း မင်းသားချော Bradley Cooper ဟာ ချီထားတဲ့ကလေးရဲ့ လက်ကို မသိမသာအထဲသွင်းနေတာ တွေ့ ရမှာပါ။ (ကလေးက အရုပ်ကလေးဖြစ်နေတာကြောင့် ကြည့်ရှုသူတွေသတိထားမိနိုင်မှာ စိုးတာကြောင့်ပါ)

Ref : gosocial
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။