ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရိုးအီသွားခြင်းမရှိတဲ့ နာမည်ကြီး ကိုရီးယားဇာတ်ဝင်တေးများ

Posted on - May 20 []

Mia Zin

စာရေးသူ

ကိုရီးယားဇာတ်ကားတစ်ကားကို ရိုက်ကူးထုတ်လုပ်ပြီဆိုရင် ထိုဇာတ်ကားရဲ့ ဇာတ်ဝင်တေးတွေကို အသေအချာရေးစပ်ပြီး ထည့်သွင်းလေ့ရှိကြပါတယ်။ ဒါကြောင့် ကိုရီးယားဇာတ်ကားတွေရဲ့ ဇာတ်ဝင်တေးတွေဟာ ဇာတ်လမ်းပုံစံနဲ့ အမြဲတမ်းလိုက်ဖက်မှုရှိပြီး အံဝင်ခွင်ကျနေတာဖြစ်ကာ အောင်မြင်လူကြိုက်များကြတာလည်း ဖြစ်ပါတယ်။ အခုတင်ဆက်ဖော်ပြပေးချင်တာလေးကတော့ ဘယ်အချိန်မှာပဲ နားထောင်၊ နားထောင် ရိုးအီသွားခြင်းအလျဉ်းမရှိတဲ့ နာမည်ကြီး ကိုရီးယားဇာတ်ဝင်တေးတွေ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးတို့ရဲ့ အကြိုက်နဲ့ ကိုက်ညီမှုရှိတဲ့ တေးသီချင်းတွေများပါဝင်လားဆိုတာကို ခံစားနားဆင်ကြည့်လိုက်ကြပါဦး။

1. Beautiful - Crush

နာမည်ကြီး ဇာတ်လမ်းတွဲတစ်တွဲဖြစ်တဲ့ 'Goblin' ဟာဆိုရင် ဇာတ်ကားသာနာမည်ကြီး လူကြိုက်များယုံတင်မကပဲ ဇာတ်ဝင်တေးတွေကလည်း အောင်မြင်လူကြိုက်များလှပါတယ်။ အဲဒီထဲကမှ တစ်ပုဒ်ကတော့ Crush သီဆိုထားတဲ့ Beautiful ဖြစ်ပြီး ထိုသီချင်းရဲ့ MV ဟာဆိုရင် YouTube မှာ ကြည့်ရှုသူ ၇၅ သန်းကျော်ရှိပါတယ်။

Beautiful - Crush (Drama 'Goblin')

2. Stay with Me - EXO’s Chanyeol & Punch

'Goblin' ရဲ့ နောက်ထပ်နာမည်ကြီး ဇာတ်ဝင်တေးတစ်ပုဒ်ကတော့ EXO အဖွဲ့ဝင် Chanyeol နဲ့ Punch တို့ သီဆိုထားကြတဲ့ Stay with Me ဖြစ်ပြီး ထိုဇာတ်ဝင်တေးရဲ့ MV ကတော့ ကြည့်ရှုသူ ၁၆၃ သန်းကျော်တာင် ရှိနေပြီ ဖြစ်ပါတယ်။

Stay with Me - EXO’s Chanyeol & Punch (Drama 'Goblin')

3. Always - Yoon Mirae

နောက်ထပ်နာမည်ကြီး ဇာတ်ဝင်တေးတစ်ပုဒ်ကတော့ 'Descendents of the Sun' ဇာတ်လမ်းတွဲထဲက Always ဖြစ်ပြီး သီဆိုထားတဲ့သူကတော့ Yoon Mirae ဖြစ်ပါတယ်။ ထိုသီချင်းရဲ့ MV ကတော့ ကြည့်ရှုသူ ၅၈ သန်းရှိနေပါပြီ။

Always - Yoon Mirae (Drama 'Descendents of the Sun')

4. Everytime - EXO's Chen & Punch

'Descendents of the Sun' ရဲ့ နာမည်ကြီးလူကြိုက်များတဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ကတော့ EXO အဖွဲ့ဝင် Chen နဲ့ အဆိုတော်မလေး Punch တို့ သီချင်းထားတဲ့ Everytime သီချင်းပါပဲ။ ထိုသီချင်းဟာ ဘယ်လောက်တောင်များ လူကြိုက်များခဲ့သလဲဆိုရင် Kpop မကြိုက်သူတွေတောင်မှ phone ringtone အဖြစ်နဲ့ ထားခဲ့ကြပါတယ်။ ဒီသီချင်းရဲ့ ကြည့်ရှုသူအရေအတွက်ကတော့ ၈၆ သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

Everytime - EXO's Chen & Punch (Drama 'Descendents of the Sun')

5. You are My World - Yoon Mirae

OST Queen လို့ တင်စားသတ်မှတ်ခံထားရတဲ့ Yoon Mirae ရဲ့ နောက်ထပ်နာမည်ကြီး ဇာတ်ဝင်တေးတစ်ပုဒ်ကတော့ 'Legend of the Blue Sea' ဇာတ်လမ်းတွဲထဲမှာပါဝင်ခဲ့တဲ့ You are My World သီချင်းပဲဖြစ်ပါတယ်။ ထိုသီချင်း MV ရဲ့ ကြည့်ရှုသူအရေအတွက်ကတော့ ၁၅ သန်းကျော် ရှိပါတယ်။

You are My World - Yoon Mirae (Drama 'Legend of the Blue Sea')

6. Beautiful Moment - K.Will

ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရိုးအီသွားခြင်းမရှိတဲ့ နောက်ထပ်သီချင်းတစ်ပုဒ်ကတော့ 'Beauty Inside' ဇာတ်လမ်းတွဲထဲက Beautiful Moment ဖြစ်ပြီး သီိဆိုထားတဲ့သူကတော့ အဆိုတော် K.Will ဖြစ်ပါတယ်။

Beautiful Moment - K.Will (Drama 'Beauty Inside')

7. Goodbye - Red Velvet's Wendy

'Beauty Inside' ဇာတ်လမ်းတွဲထဲက နာမည်ကြီးတဲ့ နောက်ထပ်ဇာတ်ဝင်တေးကတော့ Red Velvet အဖွဲ့ဝင် Wendy သီဆိုထားတဲ့ Goodbye သီချင်းပဲ ဖြစ်ပါတယ်။

Goodbye - Red Velvet's Wendy (Drama 'Beauty Inside')

8. Stand By Me - SHINee

Drama 'Boys over Flowers' ဇာတ်လမ်းတွဲထဲမှာ SHINee အဖွဲ့သီဆိုထားခဲ့တဲ့ Stand By Me သီချင်းဟာလည်း ဘယ်အချိန်မှာပဲ နားထောင်၊ နားထောင် မရိုးနိုင်တဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်ပါတယ်။

Stand By Me - SHINee (Drama 'Boys over Flowers')

9. For You - EXO CBX

နာမည်ကြီးဇာတ်ဝင်တေးတွေများစွာပါဝင်တဲ့ Scarlet Heart ထဲက For You သီချင်းဟာဆိုရင်လည်း ဒီနေ့အထိ လူကြိုက်များနေဆဲပါ။

For You - EXO CBX (Drama 'Scarlet Heart')

10. Back in Time - Lyn

လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းက အကြီးအကျယ်အောင်မြင်မှုရရှိခဲ့တဲ့ 'Moon Embraces the Sun' ဇာတ်လမ်းတွဲထဲက Back in Time ဆိုတဲ့ ဇာတ်ဝင်တေးဟာဆိုရင်လည်း နားထောင်သူ ပရိသတ်တွေကို ခံစားမှုရသအပြည့်ပေးနိုင်သလို၊ သီချင်းနားထောင်လိုက်တာနဲ့ ဇာတ်လမ်းရဲ့ ဇာတ်ကွက်တွေကို ပြန်လည်မြင်ယောင်လာစေပါတယ်။ သီဆိုထားတဲ့ တေးသံရှင်ကတော့ Lyn ဖြစ်ပါတယ်။

Back in Time - Lyn (Drama 'Moon Embraces the Sun')

11. You are My Destiny - Lyn

Lyn သီဆိုထားတဲ့ နောက်ထပ်နာမည်ကြီး ဇာတ်ဝင်တေးကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ဟိုးလေးတကျော်ကျော်အောင်မြင်မှုတွေရရှိခဲ့တဲ့ 'You who Came From the Star' ဇာတ်လမ်းတွဲထဲက You are My Destiny ပဲ ဖြစ်ပါတယ်။

You are My Destiny - Lyn (Drama 'You who Came From the Star')

12. Don't Forget - Baek Ji Young

နာမည်ကြီး IRIS ဇာတ်လမ်းတွဲထဲက Don't Forget ဆိုတဲ့ ဇာတ်ဝင်တေးဟာဆိုရင်လည်း ဘယ်အချိန်မှာ နားထောင်ပါစေ၊ မရိုးနိုင်သောသီချင်းတစ်ပုဒ်ပါပဲ။

Don't Forget - Baek Ji Young ( Drama "IRIS")

13. It's You - Henry

'While You were Sleeping' ဇာတ်လမ်းတွဲထဲက It's You သီချင်းကတော့ Super Junior-M အဖွဲ့ဝင်ဟောင်း Henry သီဆိုထားပြီး ဇာတ်လမ်းနဲ့ကလည်း လိုက်ဖက်မှုရှိလွန်းလှပါတယ်။

It's You - Henry (Drama 'While You were Sleeping')

14. Touch Love - Yoon Mirae

'Master's Sun' ဇာတ်လမ်းတွဲထဲက Touch Love သီချင်းလေးဟာဆိုရင်လည်း အဆိုတော် Yoon Mirae သီဆိုခဲ့တဲ့ နာမည်ကြီး ဇာတ်ဝင်တေးတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။

Touch Love - Yoon Mirae (Drama 'Master's Sun')

15. Best Luck - EXO's Chen

EXO အဖွဲ့ဟာဆိုရင် နာမည်ကြီး ဇာတ်ဝင်တေးတွေများစွာကို သီဆိုခဲ့တဲ့ Idol အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ထိုဇာတ်ဝင်တေးတွေထဲကမှ အဖွဲ့ဝင် Chen သီဆိုထားတဲ့ 'It's Okay, It's Love' ဇာတ်လမ်းတွဲထဲက Best Luck ဟာဆိုရင် လုံးဝကို ရိုးအီသွားခြင်းမရှိတဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်ပါတယ်။

Best Luck - EXO's Chen (Drama 'It's Okay, It's Love')

ပရိသတ်တွေ အကြိုက်ဆုံးနဲ့ အမြဲတမ်းလိုလိုနားထောင်ဖြစ်တဲ့ ဇာတ်ဝင်တေးက ဘယ်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးများဖြစ်မလဲ။

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။