ကြော်​ငြာတစ်​ခုအတွက်​ အက​တိုက်​နေကြတဲ့ ပိုင်​တံခွန်​နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယို

Posted on - May 18 []

Myint Myat

စာရေးသူ

ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ​မော်​ဒယ်​မင်းသား​ချော​လေး ပိုင်တံခွန်ကတော့ ​နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်​အား​ပေးခြင်းကို ခံထားရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်​က အနုပညာညီမ​လေးတစ်​ဦးဖြစ်​တဲ့ ယွန်းယွန်းနဲ့အတူ ​ကြော်​ငြာ​လေးတစ်​ခုရိုက်​ကူးဖို့အတွက်​ အက​လေ့ကျင့်​​နေတာ ​တွေ့ရပါတယ်​။ အတိုင်​အ​ဖောက်​ညီညီနဲ့ အကတိုက်​​နေကြတဲ့ ပိုင်​တံခွန်​နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယို​လေးက​တော့ အရမ်းကို ကြည့်​လို့​ကောင်း​နေတာပါ။

မိုမို​လေးချစ်​ပရိသတ်​​တွေ​အတွက်​ ​ကြော်​ငြာရိုက်​ကူး​ရေး တစ်​ခုအတွက်​ အတိုင်​အ​ဖောက်​ညီညီ အက​တိုက်​နေကြတဲ့ပိုင်​တံခွန်​နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

အဆိုပါဗီဒီယို​လေးကို​တော့ ယွန်းယွန်းက "Dance Practice for T247'" ဆိုပြီး သူမရဲ့လူမှုကွန်​ယက်​​ပေါ်မှာ ​ဝေမျှ​ပေးထားတာပါ။

ကြော်ငြာတစ်​ခုအတွက်​ အကတိုက်​​နေတဲ့ ပိုင်​တံခွန်​နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယို

ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်အချစ်ေ​​တာ် ယွန်းယွန်း​​လေးကလည်း အခုဆိုရင်ေ​​ခါင်း​ဆောင်​မင်းသမီးတစ်​ဦအ​နေနဲ့ သရုပ်​​ဆောင်​​နေရပြီပဲ ဖြစ်​ပါတယ်​။ မိုမိုလေးချစ်ပရိသတ်တွေလည်း ​ကြော်​ငြာတစ်​ခုအတွက်​ အတိုင်​အ​ဖောက်​ညီညီ အက​တိုက်​နေကြတဲ့ ပိုင်​တံခွန်​နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယို​လေးကိုသ​​ဘောကျရင်​ အချင်းချင်း ​ဝေမျှသွားကြပါဦး​နော်​။

Myint Myat
Source;Yoon Yoon's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။