မထင်မှတ်လောက်အောင် အရှုံးပေါ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးများ

Posted on - May 18 []

Douglas Thura

စာရေးသူ

တစ်ချို့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ Visual Effect ခပ်လန်းလန်းတွေနဲ့ ကြည့်လို့ မိုက်နေပေမဲ့လည်း Box Office မှတော့ ၀င်ငွေအရ မှန်းချက်နဲ့ နှမ်းကွက် မကိုက်တာတွေလည်းရှိပါတယ်။ အဲ့လိုအရှုံးပေါ်ကြတာဟာ ဇာတ်လမ်းရဲ့ ဇာတ်ကောင်ပုံစံနဲ့ မကိုက်ညီနဲ့ မင်းသား၊မင်းသမီးတွေကို ရွေးချယ်မိတာကြောင့် ဖြစ်နိုင်သလို ဇာတ်ကားတစ်ကားရဲ့ အသက်လို့ ဆိုရမဲ့ ဇာတ်ညွှန်းညံ့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီကြားထဲ ဇာတ်လမ်းကိုပိုပြီးပျက်စီးစေတာက တစ်ချို့ ရုပ်ရှင်ဇာတ်ကားကြီးတွေရုံတင်ပြသတဲ့အခါမှာ Trailer တွေမှာပြထားတဲ့ Special Scene တွေကို Cut လုပ်ပစ်တာတွေကြောင့်ပါ။ Cut လုပ်တာများလွန်းသွားတဲ့အခါ ဇာတ်လမ်းကိုပေါ့သွားစေပြီး ပရိသတ်အားပေးမှုလျော့နည်းလာတာကြောင့် Worldwide Gross ( ကမ္ဘာတစ်ဝှမ်းရုံတင်ဝင်ငွေ ) ကိုလည်း လျော့ကျသွားစေပါတယ်။ Budget တွေ အများကြီးအကုန်အကျခံ ရိုက်ကူးထားတာကြောင့် ကြည့်လို့မိုက်ပေမဲ့လည်းBox Office မှာ ခွက်ခွက်လန်အောင်အရှုံးပေါ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Pan

မင်းသားကြီး Hugh Jackman ပါဝင်သရုပ်ဆောင်ထားတဲ့ Pan ရုပ်ရှင်ဟာ $ 150 Million အကုန်အကျခံရိုက်ကူးထားပြီး $ 128 Milliion ကျော်သာပြန်လည်ရရှိထားတာကြောင့် အရှုံးပေါ်ခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

John Carter

Disney ဟာ Prince Of Persia/ The Sorcerer's Apprentice ... စတဲ့ ရုပ်ရှင်ကားတွေထုတ်လုပ်ပြီး အရှုံးပေါ်ခဲ့ပေမဲ့ မျှော်လင့်ချက်အကြီးကြီးထားခဲ့ပြီး 2012 မှာ Sci-Fi ရုပ်ရှင်တစ်ကားဖြစ်တဲ့ John Carter ရုပ်ရှင်ကို ထပ်မံရိုက်ကူးခဲ့တဲ့အခါမှာလည်း ဂွမ်းခဲ့ပြန်ပါတယ်။ $ 250 Million နဲ့ ရိုက်ကူးးထားတဲ့ အဆိုပါရုပ်ရှင်ဟာ ရုံတင်ပြသခဲ့တဲ့အချိန်ကစပြီး အခုအချိန်အထိ ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေ & 280 Million ကျော်သာ ပြန်လည်ရရှိခဲ့တာကြောင့် Disney လို ထိတ်ထိတ်ကြဲ Studio တစ်ခုအနေနဲ့ တော့ အရှုံးပေါ်ခဲ့တာပါပဲ။

The 13th Warrior

1999 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားချော Antonio Banderas ရဲ့ The 13th Warrior ရုပ်ရှင်ဟာ လူကြိုက်များခဲ့ပေမဲ့ ၀င်ငွေအရတော့ အရှုံးပေါ်ခဲ့ပါတယ်။ $ 160 Million နဲ့ ရိုက်ကူးထားတဲ့ အဆိုပါရုပ်ရှင်ဟာ ရုံတင်ပြသခဲ့တဲ့အချိန်ကစပြီး အခုအချိန်အထိ $ 60 Million ကျော်သာ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

King Arthur: Legend of the Sword

ဘောလုံးသမားကြီး David Beckham ကိုယ်တိုင် Cameo အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ King Arthur ရုပ်ရှင်ဟာ $ 175 Million အကုန်အကျခံရိုက်ကူးထားပေမဲ့ $ 150 Million သာပြန်လည်ရရှိထားတာကြောင့် အရှုံးပေါ်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

47 Ronin

မင်းသားကြီး Keanu Reeve ရဲ့ ရုပ်ရှင်တိုင်းဟာ Matrix ဇာတ်ကားလိုတော့ အောင်မြင်နေတာမဟုတ်ပါဘူး။ 2013 တုန်းကထွက်ရှိခဲ့တဲ့ 47 Ronin ရုပ်ရှင်ဟာလည်း လူကြိုက်များခဲ့ပေမဲ့ အရှုံးပေါ်ခဲ့ပါတယ်။ $ 175 Million တောင်အကုန်အကျခံပြီးရိုက်ကူးထားတဲ့ အဆိုပါရုပ်ရှင်ဟာ ရုံတင်ပြသတဲ့အချိန်ကစပြီး ယခုအချိန်အထိ ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေ $ 150 Million ကျော်သာ ပြန်လည်ရရှိထားတာဖြစ်ပါတယ်။

Mars need Moms

Disney Studio ကပဲ ထုတ်လုပ်ရိုက်ကူးထားတဲ့ Animation ကား Mars Needs Moms ရုပ်ရှင်ဟာ $ 150 Million အကုန်အကျခံရိုက်ကူးထားပေမဲ့ ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေ $ 39 Million သာပြန်လည်ရရှိခဲ့တာကြောင့် တော်တော်လေးကိုအရှုံးပေါ်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

Ref : Standard.Co
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။