ပုံပျက်ပန်းပျက် အ၀လွန်ခဲ့ဖူးတဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီတွေ

Posted on - May 19 []

Douglas Thura

စာရေးသူ

အနောက်တိုင်းရဲ့ ဆယ်လီဘရစ်တီတွေရဲ့အားနည်းချက်တစ်ခုကတော့ အနုပညာအလုပ်တွေရပ်နားထားပြီး အပန်းဖြေအနားယူနေတဲ့အားလပ်ရက်တွေမှာ နေချင်သလိုနေလိုက်ကြတဲ့အကျင့်ဆိုးလေးတွေရှိတတ်တာပါပဲ။ နေချင်သလိုနေတယ်ဆိုတာ အပေါင်းအသင်းတွေနဲ့ အပျော်အပါးမက်ပြီး ဆိုးဆိုးရွားရွားပျက်စီးနေတာမျိုးမဟုတ်ပဲ မိမိတို့ ရဲ့ အနုပညာအလုပ်နဲ့သက်ဆိုင်တဲ့ Body Weight ကို မထိန်းကြတော့ပဲ ဇိမ်ခံလွန်းနေကြတာကိုဆိုလိုတာပါ။ အခုလက်ရှိ အနုပညာလောကက ခေတ္တအနားယူနေတဲ့ ဆယ်လီဘရစ်တီတစ်ချို့ ကိုလည်း အ၀လွန်ပြီးပုံပျက်ပန်းပျက်ဖြစ်လာတာကို တွေ့ ရပါတယ်။ အ၀လွန်တာနဲ့ ပတ်သက်ပြီး တစ်ချို့ ပရိသတ်တွေက အပြစ်တင်ဝေဖန်ကြပေမဲ့ ဝေဖန်မှုတွေကို လုံးဝဂရုမစိုက်တဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီတွေရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို ကြည့်လိုက်ကြရအောင် ...

Christian Bale

Batman မင်းသားကြီး ခရစ်ရှန်ဘေးတစ်ယောက် အ၀လွန်လာခဲ့စဉ်အချိန်တုန်းက ပရိသတ်တွေတော်တော်များများဟာ အနုပညာလောကက အနားယူသွားပြီလို့ ယူဆခဲ့ကြပေမဲ့ တစ်ကယ်တော့ ခရစ်ရှန်ဟာ ရုပ်ရှင်သစ်တစ်ကားရိုက်ကူးနေတာဖြစ်ပြီး ရုပ်ရှင်ထဲက ဇာတ်ကောင်ပုံစံအတိုင်း အ၀လွန်အောင် တမင်လုပ်ထားတာဖြစ်ပါတယ်။ ခရစ်ရှန်ဟာ 2004 ခုနှစ်တုန်းက The Machinist ရုပ်ရှင်အတွက် ပေါင်(၁၂၀)ချခဲ့ပြီး Batman Begins ရုပ်ရှင်အတွက် ပေါင်(၁၀၀)တိုးအောင် ပြန်ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။

Jennifer Love Hewitt

Ghost Whisperer မင်းသမီးချော Jennifer Love Hewitt ကတော့ ကလေးနှစ်ယောက်မွေးပြီးတဲ့အချိန်မှာ သူမကိုယ်သူမ မိန်းမပိုပီသလာတယ်လို့ ခံစားရပြီး ၀ိတ်လည်း လုံးဝမကျချင်တော့ဘူးလို့ ဆိုပါတယ်။ သူမစကားအတိုင်းပဲ Jennifer တစ်ယောက် အခုဆို၀၀ဖြိုးဖြိုးနဲ့ အရင်ကထက်ပိုပြီး လှပနေတာကို မြင်ရမှာပါ။

Brendan Fraser

အနုပညာလောက ကနေ နှစ်ရှည်ကြာအနားယူနေတဲ့ The Mummy မင်းသားကြီး Brendan Fraser ကတော့ အရင်နဲ့ လုံးဝကွာခြားပြီး မမှတ်မိနိုင်တော့လောက်အောင် ၀လာပေမဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ အရင်ကအတိုင်း ကောင်းမွန်ပြည့်စုံနေဆဲပါပဲ။

Vin Diesel

2015 ခုနှစ်တုန်းက Vin တစ်ယောက် ဗိုက်ပူကြီးနဲ့ ပုံတွေ တက်လာတဲ့အခါ အင်တာနက်တစ်ခွင်မှာ ဟိုးလေးတကျော်ဖြစ်သွားပါသေးတယ်။ ပရိသတ်တွေက တစ်ကယ်မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ကြပေမဲ့လည်း ထိုအချိန်တုန်းက Vin ဟာ အနုပညာအလုပ်တွေရပ်နားပြီး သာသာယာယာအနားယူနေတာကြောင့် ၀ိတ်မထိန်းတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ အချိန်တိုအတွင်းမှာပဲ နဂို Body Structure အတိုင်း ပြန်ပြောင်းလဲသွားတာ တွေ့ ရမှာပါ။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။