လူကြီးဇာတ်ဝင်ခန်းတွေရိုက်ကူးရတဲ့ ခံစားချက်တွေကို ထုတ်ပြောလာတဲ့ သရုပ်ဆောင်များ

Posted on - May 19 []

Douglas Thura

စာရေးသူ

ဟောလီးဝုဒ်ဇာတ်ကားတွေကို ပိုပြီး ပရိသတ်အားပေးမှုများလာအောင် ဆွဲဆောင်ထားနိုင်တာကတော့ အိပ်ယာပေါ်က ဇာတ်ဝင်ခန်းတွေပါပဲ။ အိပ်ယာပေါ်က လူကြီးဇာတ်ဝင်ခန်းတွေဟာ အရင်ခေတ်တွေတည်းက ဟောလီးဝုဒ်ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်နေကျဖြစ်တဲ့အတွက် ထိုဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ရတာ ဟောလီးဝုဒ်မင်းသား၊မင်းသမီးတွေအတွက်ကတော့ အထူးအဆန်းမဟုတ်တော့ပေမဲ့လည်း ချစ်တင်းနှောတဲ့ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး သူတို့ ရဲ့ ခံစားချက်တွေကို တော့ အခုလို ထုတ်ဖော်ပြောပြခဲ့ကြပါတယ်။

Kirsten Dunst

မင်းသမီးချော Kirsten Dunst ဟာ The Beguiled ဇာတ်ကားထဲမှာ မင်းသား Colin Farrell နဲ့ ချစ်တင်းနှောတဲ့ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ... " ကျွန်မကကြမ်းပြင်ပေါ်မှာလေ... အ၀တ်တွေကလည်း စုတ်ဖြဲခံစားရတော့ ကျွတ်လို့ ...အဲ့လို သရုပ်ဆောင်ရတာမျိုးကို ကျွန်မတစ်ကယ်မကြိုက်ပါဘူးရှင်။ ဒီအခန်းကို ရိုက်ရတာမြန်မြန်ပြီးသွားပါစေလို့ ဆုတောင်းနေခဲ့တာပါ " လို့ ဖွင့်ပြောပြခဲ့ပါတယ်။

Nicole Kidman

Nicole ဟာ Big Little Lies ဇာတ်ကားထဲမှာ ယောက်ျားဖြစ်သူနှိပ်စက်တာခံရတဲ့ ကလေးနှစ်ယောက်မိခင်အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Nicole ဟာ ထိုဇာတ်ကားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ ခပ်ကြမ်းကြမ်းလိင်ပိုင်းဆိုင်ရာပြုမူတာခံရတဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ... " အဲ့ဇာတ်ဝင်ခန်းရိုက်ပြီးတော့ ကျွန်မရှက်လို့ ထကိုမထဘူး။ အဲ့တိုင်းပဲ လှဲနေတာ ... ကျွန်မမှတ်မိတာကတော့ ဒါရိုက်တာလာပြီး ကျွန်မအပေါ်ကို အ၀တ်လာအုပ်ပေးတာပဲ။ ကျွန်မက အတွင်းခံလေးတစ်ထည်ပဲဝတ်ပြီး လှဲနေခဲ့တာလေ " လို့ ပြောပြခဲ့ပါတယ်။

Emilia Clarke

နာမည်ကျော် Games Of Thrones TV Series ထဲမှာ နဂါးမိခင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Emilia Clarke ဟာ GOT Season 4 မှာ မင်းသား Michiel Huisman နဲ့ လူကြီးခန်းရိုက်ရတာနဲ့ ပတ်သက်ပြီး ... " အဲ့လိုရိုက်ရတာတော်တော်လေးမိုက်ပါတယ်။ ဒီလိုရိုက်ခွင့်ပေးတဲ့အတွက် ဇာတ်ညွှန်ရေးဆရာနဲ့ ဒါရိုက်တာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ပုံစံကတော့ အဲ့ဇာတ်ဝင်ခန်းကိုရိုက်ချင်လွန်းလို့ တော်တော်လေး စောင့်နေရတဲ့ ရုပ်ပေါက်နေခဲ့တယ်။ ကျွန်မအဲ့ဒီ အိပ်ယာပေါ်ကဇာတ်ဝင်ခန်းတွေရိုက်တော့ ရှက်ပြီး ပေါက်တတ်ကရတွေလည်း လုပ်မိခဲ့ပါသေးတယ်။" လို့ ဖွင့်ပြောပြခဲ့ပါတယ်။

Charlie Hunnam

မင်းသားချော Charlie Hunnam ကတော့ ဇာတ်ကားတွေထဲမှာ သူ့ ရဲ့ ချစ်တင်းနှောခန်းတွေနဲ့ ပတ်သက်ပြီး သူ့ ရဲ့ ချစ်သူက မကြိုက်ဘူးလို့ ဆိုပါတယ်။ အဲ့ဒါကြောင့် အဲ့လိုအခန်းတွေရိုက်ရင် အမြဲသတိထားရိုက်ရတယ်လို့ လည်း Charlie ကဆိုပါတယ်။

Ian Harding

မင်းသား Ian Harding ကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Odd Birds TV Series ထဲမှာ မင်းသမီးရဲ့ Bra ကို ၀တ်ပေးရတဲ့အခန်းနဲ့ ပတ်သက်ပြီး " ကျွန်တော် အဲ့အခန်းကို (၃)ခါလောက် ရိုက်ခဲ့ရတာပါ။ တော်တော်လေးတော့ စိတ်ထိန်းထားရတာပေါ့ " လို့ မင်းသားက ဆိုပါတယ်။

Jamie Dornan

မင်းသားချော Jamie Dornan ဟာ Fifty Shades Trilogy ထဲက ချစ်တင်းနှောတဲ့အခန်းတွေရိုက်ရတာနဲ့ ပတ်သက်ပြီး " ကျွန်တော် ဒီဇာတ်ကားကို စရိုက်မယ်ဆိုတည်းက အဲ့ဒီဇာတ်ဝင်ခန်းတွေအတွက် အတော်လေးအချိန်ယူပြင်ဆင်ခဲ့ရတာပါ။ Club တွေ ဘားတွေကိုလည်း နေ့ တိုင်းသွားပြီး လနဲ့ ချီပြီး လေ့လာခဲ့ရပါတယ်။ ဇာတ်ကားထဲမှာပါတဲ့ မင်းသမီး Dokota နဲ့ လည်း တစ်ယောက်နဲ့ တစ်ယောက် မရှက်တတ်ဖို့ အချိန်ယူပြင်ဆင်ခဲ့ရပါတယ် " လို့ လည်း ဆိုပါတယ်။

Ref : People
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။