သူမရဲ့မိတ်​ကပ်​ဆရာ​လေး ဆုံးပါးသွားလို့ စိတ်​မ​ကောင်းဖြစ်​​နေတဲ့ သင်​ဇာဝင့်​​ကျော်

Posted on - May 19 []

Myint Myat

စာရေးသူ

ဘယ်​သူမှ ​ရှောင်​လွဲလို့မရတဲ့ ​သေခြင်းတရားဆိုတာ မကြုံချင်​လည်း ကြုံ​တွေ့​ကြရမှာမို့ မြန်​ဆန်​လွန်းလှတဲ့ အချိန်​​လေးအတွင်းမှာ ချစ်​ရသူ​တွေကို ဆုံးရှုံးရတာမျိုး လူတိုင်းကြုံ​တွေ့ခဲ့ရဖူးမှာပါ။ လတ်​တ​လောမှာ​တော့ သရုပ်​​ဆောင်​ သင်​ဇာဝင့်​​ကျော်​ရဲ့ မိတ်​ကပ်​ဆရာ​လေးတစ်​ဦးက သူချစ်​ရတဲ့ မိသားစု​တွေကို​ရော သင်​ဇာ့ကိုပါထားပြီး ဘဝတပါးသို့ ​ကူး​ပြောင်းသွားတာမို့ သင်​ဇာတစ်​​ယောက်​ ​တော်​​တော်​​လေး စိတ်​မ​ကောင်းဖြစ်​​နေတာပါ။

ခင်​မင်​ရတဲ့ မိတ်ေ​ဆွတစ်​​ယောက်​ ဆုံးရှုံးသွားပြီမို့ သင်​ဇာ​လေးက အရမ်းကိုဝမ်းနည်း​နေတာပဲ ဖြစ်​ပါတယ်​။ မိုမို​လေးပရိသတ်​​တွေအတွက်​ မိသားစုလို ချစ်​ရတဲ့ သူမရဲ့မိတ်​ကပ်​ဆရာ​လေး ဆုံးပါးသွားလို့ စိတ်​မ​ကောင်းဖြစ်​​နေတဲ့ သင်​ဇာဝင့်​​ကျော်
ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

သင်​ဇာဝင့်​​ကျော်​က​တော့ "အစည်လေးရေ...အမတကယ်စိတ်မကောင်းဘူးကွယ်...ရောက်လေရာဘဝတိုင်းမှာဒီလိုအဖြစ်မျိုးနဲ့မကြုံရပါစေနဲ့နော်...အစည်လေးကောင်းရာမွန်ရာရောက်ပါစေ...အမနဲ့အလုပ်တွေအများကြီးအတူတွဲလုပ်ခဲ့တဲ့ အရမ်းတော်တဲ့မိတ်ကပ်ဆရာလေးကိုအမဘယ်တော့မှမေ့မှာမဟုတ်ပါဘူး 😪😢🙏🏼🙏🏼🙏🏼" ဆိုပြီး အရမ်းစိတ်​မ​ကောင်းဖြစ်​​နေတဲ့အ​ကြောင်းကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။

စိတ်​ထား​ကောင်းတဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ သူမရဲ့​ဘေးမှာ အလုပ်​လုပ်​တဲ့သူ​တွေကို မိသားစုလို သ​ဘောထားပြီး တရင်းတနှီး ​နေတတ်​တဲ့ မင်းသမီးမို့ ပရိသတ်​​တွေက ပိုချစ်​​နေကြရတာပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း သူမရဲ့မိတ်​ကပ်​ဆရာ​လေး ဆုံးပါးသွားလို့ စိတ်​မ​ကောင်းဖြစ်​​နေတဲ့ သင်​ဇာဝင့်​​ကျော်​ကိုအား​ပေးစကား​လေး​တွေ ​ပြောသွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Thinzar Wint Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။