ကျောင်းဖွင့်​​တော့မှာမို့ သားသမီး​တွေနဲ့အတူ Shopping ထွက်​ခဲ့တဲ့ ပိုင်​​ဇေရဲထွန်းတို့ ဇနီး​မောင်​နှံ

Posted on - May 19 []

Myint Myat

စာရေးသူ

အရပ်ရှည်ရှည် ​​​ရူပါ​ဖြောင့်​​ဖြောင့်​နဲ့ ပရိသတ်​​တွေကြားမှာ ​တော်​​တော်​​လေးနာမည်​ကြီးခဲ့တဲ့ မင်းသား​ချော​လေး ပိုင်​​ဇေရဲထွန်းက​တော့ အခုဆိုရင်​ ချစ်​ဇနီး​ချော​လေးရယ်​ သားသမီး သုံး​ယောက်​ရယ်​နဲ့အတူ သာယာ​ပျော်​ရွှင်​တဲ့ မိသားစုဘဝ​လေးကို ပိုင်​ထားထားသူတစ်​ဦး ဖြစ်​​နေပါပြီ။ သားသမီး​တွေကို အရမ်းချစ်​တတ်​လွန်းတဲ့ ပိုင်​​ဇေရဲထွန်းတို့ ဇနီး​မောင်​နှံက​တော့ က​လေး​တွေကို အချိန်​​ပေးပြီး ​သေချာ​စောင့်​​ရှောက်​​ပေး​နေတဲ့ မိဘ​တွေဆိုရင်​လည်း မမှားပါဘူး။ လတ်​တ​လောမှာ​တော့ ပိုင်​​ဇေရဲထွန်းတို့ ဇနီး​မောင်​နှံ နှစ်​​ယောက်​က မကြာခင်​​ကျောင်းဖွင့်​​တော့မှာမို့ သားသမီး​တွေနဲ့ Shopping ထွက်​ခဲ့တဲ့ ပုံရိပ်​​လေး​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

မိုမို​လေးချစ်ပရိသတ်​တွေအတွက်​ မိသားစုစုံစုံညီညီနဲ့ Shopping ထွက်​ခဲ့ကြတဲ့ ပိုင်​​ဇေရဲထွန်းတို့မိသားစု​လေးရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

သူတို့မိသားစု​လေးရဲ့ ချစ်​စရာပုံရိပ်​​လေး​တွေကို​တော့ ဇင်​သဲနိုင်​က "ကျောင်းဖွင့်ချိန်တွေနီးလာပြီဆိုတော့ မေမေ့သဲလေးတွေနဲ့ ဒီနေ့ Ocean မှာ shopping ထွက် ...​ကျောင်းပြန်ဖွင့်ချိန်တိုင်း ကျောပိုးအိတ်အသစ်၊ စာရေးကိရိယာအသစ်တွေနဲ့မှ ကျောင်းတက်ချင်တဲ့ မေမေ့သဲလေးတွေတော့ Ocean မှာ သူတို့လိုချင်တာတွေ တစ်နေရာတည်းမှာ အစုံရှိတော့ ပျော်ပြီးအကုန်ဝယ်နေလိုက်ကြတာ.....တော်သေးတယ် အခု Ocean မှာ ကျောင်းဖွင့်ရာသီအတွက် Promotion တွေလုပ်နေတာဆိုတော့ ရွေးနေလိုက်ကြတာ ဒီအမေကိုတောင် အဖက်မလုပ်ကြတော့ ဝမ်းနည်းနေပါပြီိနော်😢😜😝" ဆိုပြီး ချစ်​စရာ​ကောင်း​အောင်​ ​ရေးသားထားတာပါ။

အရမ်းကို အားကျရတဲ့ ချစ်​စရာ မိသားစု​လေး

ပိုင်​​ဇေရဲထွန်းက​တော့ လက်​ရှိမှာ အနုပညာအလုပ်​​တွေ မလုပ်​ဖြစ်​​တော့​ပေမယ့်​ ပရိသတ်​​တွေရဲ့ စိတ်​ဝင်​တစားနဲ့ ချစ်​ခင်​ခြင်းကို ခံ​နေရဆဲပါပဲ။ ပိုင်​​ဇေရဲထွန်းရဲ့ ဇနီး​ချော​လေးကလည်း မိသားစုတာဝန်​​တွေအပြင်​ တခြား​သော စီးပွား​ရေးလုပ်​ငန်း​တွေ လုပ်​ကိုင်​​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေ​လည်း အရမ်းကိုချစ်​ဖို့​ကောင်းတဲ့ မိသား​စု​လေးကို ပိုင်​ဆိုင်​ထားတဲ့ ပိုင်​​ဇေရဲထွန်းကို သ​ဘောကျရင်​ အချင်းချင်း ​ဝေမျှသွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Zin Thae Naing's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။