ဟောလီးဝုဒ်ဇာတ်ကားတွေထဲက အဓိပ္ပါယ်မရှိတဲ့ ဇာတ်ဝင်ခန်းများ

Posted on - May 19 []

Douglas Thura

စာရေးသူ

ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့ ထွက်ရှိပြီးခဲ့သမျှ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေအားလုံးကို ရသတစ်မျိုးစီခံစားရင်း ကြိုက်နှစ်သက်ခဲ့ကြမှာပါ။ ဒါပေမဲ့ အပြည့်စုံဆုံးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာတောင် ပရိသတ်တွေ သတိမထားမိလိုက်တဲ့ လွဲမှားမှုတွေ၊ မသိမသာလွဲချော်သွားတဲ့ အမှားတွေဆိုတာ တစ်ကားစီမှာ ရှိကြစမြဲပါပဲ။ ဇာတ်ညွှန်းကောင်းလွန်းလို့ သာ ဇာတ်ရှိန်တက်ပြီး ထိုအမှားတွေကို သတိမထားမိခဲ့ကြတာပါ။ မသိမသာလေး လွဲချော်နေတာကြောင့် ပရိသတ်တွေ သတိမထားမိလိုက်ပေမဲ့ ယုတ္တိမရှိတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်နေတဲ့ ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

Forrest Gump

Tom Hunks ရဲ့ နာမည်ကျော် Forrest Gump ဇာတ်ကားထဲက Jenny ကို စကားပြောနေတဲ့ဇာတ်ဝင်ခန်းမှာ အနောက်က မီးပူဟာ ထောင်လိုက်လှဲလိုက် ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

Titanic ရုပ်ရှင်ထဲမှာ Rose ရဲ့ မျက်နှာပေါ်က ဘယ်၊ညာ နေရာရွေ့ သွားတဲ့ မှဲ့ 

Jack ရဲ့ လက်ထိပ်တွေကို ဖြုတ်ပေးဖို့ ပုဆိန်ယူတဲ့ဇာတ်ဝင်ခန်းမှာလည်း အရေးပေါ်ပုဆိန်ထည့်ထားတဲ့ မှန်တွေဟာ ကွဲနေပြီးသားဖြစ်တာကို တွေ့ ရပြီး တစ်ကယ်လှမ်းယူလိုက်တဲ့အချိန်မှာတော့ မှန်တစ်ချို့ ဟာ မှန်ဘောင်ပေါ် ပြန်ရောက်ရှိနေတာကို တွေ့ ရပါတယ်။

IT

IT ဇာတ်ကားထဲမှာလည်း စီးကရက်ကိုင်ထားတာ ညာဘက်လက်ဖြစ်ပြီး ထိုဇာတ်ဝင်ခန်းမှာပဲ ဘယ်ဘက်လက်ပြောင်းသွားတာဖြစ်ပါတယ်။

Tangled

Tangled ရုပ်ရှင်ထဲမှာ Flynn ကို Mother Gothel က ဓားနဲ့ ထိုးလိုက်ပြီး ပြန်ဆွဲထုတ်လိုက်တဲ့အခါ ဓားမှာ သွေးတွေပေကျံမနေတာကို တွေ့ ရမှာပါ။ နည်းနည်းလေး ယုတ္တိမရှိဘူးဆိုပေမဲ့လည်း ကလေးတွေသီးသန့် ကြည့်ဖို့ ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်တာကြောင့် သွေးသံရဲရဲတွေကို ပြသမထားတာ ဖြစ်ပါတယ်။

Tangled ဇာတ်ကားထဲမှာပဲ Flynn ရဲ့ လက်မှာ ပေါ်လိုက်၊ပျောက်လိုက်ဖြစ်နေခဲ့တဲ့ လက်ထိပ်

Wonder Woman

ပုံမှာတွေ့ တဲ့အတိုင်း Diana ရဲ့ အင်္ကျီကြယ်သီးက ဇာတ်ဝင်ခန်းတစ်ခုတည်းမှာပဲ နေရာလွဲနေခဲ့တာပါ။

Iron Man 2

Iron Man 2 ဇာတ်ကားရဲ့ အစမှာ Tony Stark တစ်ယောက် မိန့် ခွန်းပြောနေတုန်းမှာ အင်္ကျီအဖြူဝတ်ထားပေမဲ့ မိန့် ခွန်းပြောပြီး Backstage ရောက်တဲ့အခါမှာတော့ အင်္ကျီက အမဲရောင် ဖြစ်နေပါတယ်။

Ref : Brightside
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။