လူငယ်​ဆန်​တဲ့ ဖက်​ရှင်​​လေးနဲ့ ​လန်း​နေတဲ့ မိုးမြင့်​သဇင်​ရဲ့ ပုံရိပ်​​တွေ

Posted on - May 20 []

Myint Myat

စာရေးသူ

ကျစ်​လျစ်​ကြံ့ခိုင်​တဲ့ ​ခန္ဓာကိုယ်​​ကောက်​​ကြောင်းအလှကို ပိုင်​ဆိုင်​ထားတဲ့ အလန်းစား ​မော်​​ဒယ်​မ​လေး မိုးမြင့်​သဇင်​က​တော့ အမြဲလိုလို သူမရဲ့အလှတရား​တွေကို ယုံကြည်​မှုရှိစွာ ချပြတတ်​သူတစ်​ဦးပါ။ အကယ်​ဒမီဗန်းကိုင်​တစ်​ဦးအ​နေနဲ့ အနုပညာအလုပ်​​တွေစတင်​လုပ်​ကိုင်​ခဲ့တဲ့ မိုးမြင့်​သဇင်​က​တော့ အနုပညာအလုပ်​​တွေကို နှစ်​အ​တော်​ကြာ အနားယူထားပြီး လက်​ရှိမှာ​တော့ ဆက်​တိုက်​ ပြန်​လည်​လုပ်​ကိုင်​​နေတာ ​တွေ့ရပါတယ်​။ လတ်​တ​လောမှာ​တော့ မိုးမြင့်​သဇင်​က ​ပေါ့​ပေါ့ပါးပါး ဖက်​ရှင်​​လေးနဲ့ ​ဂေါ်​နေတဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​​ပေါ်မှာတင်​ထားတာ ​တွေ့ရပါတယ်​။ အမိုက်​စားအိုက်​တင်​​တွေနဲ့ ​ဂေါ်​နေတဲ့ မိုးမြင့်​သဇင်​ရဲ့ ပုံရိပ်​​တွေက အရမ်းကိုလန်း​နေတာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ လူငယ်​ဆန်​တဲ့ ဖက်​ရှင်​​လေးနဲ့ အထာကျကျ​ဂေါ်​နေတဲ့ မိုးမြင့်​သဇင်​ရဲ့ အမိုက်​စားပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

မိုးမြင့်​သဇင်​က​တော့ သူမရဲ့အလှပုံရိပ်​​တွေနဲ့အတူ "တိုတောင်းလွန်းတဲ့ လူဘဝ မှာ ချစ်ချင်းမေတ္တာတွေ နဲ့ ပဲ ရှင်သန်ချင်တယ်u တို့ ရော " ဆိုပြီး ချစ်​စရာ​ကောင်း​အောင်​ ​ရေးသားထားတာပါ။

မော်​ဒယ်​တစ်​ဦးအ​နေနဲ့​ရော သရုပ်​​ဆောင်​တစ်​ဦးအ​နေနဲ့ပါ ရပ်​တည်​​နေတဲ့ မိုးမြင့်​သဇင်​က​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေလည်း ရိုက်​ကူးရင်း အလှပုံ​တွေလည်း ရိုက်​ကူးဖြစ်​​နေတယ်​လို့ သိရပါတယ်​။ ချစ်​စရာ​ကောင်းတဲ့ သူမက​တော့ ကဗျာ​လေး​တွေ စာ​လေး​တွေနဲ့ ပရိသတ်​​တွေကို ဆက်​နွယ်​​လေ့ရှိသူ​လေးပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အရမ်းကို ညှို့အားပြင်းလွန်းတဲ့ အလန်းစားမိန်းမပျို​လေး မိုးမြင့်​သဇင်​ကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Moe Myint Thazin's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။