Super Sunday မှာ သူငယ်​ချင်းနဲ့ မုန့်​​တွေ ​လျှောက်​စားခဲ့တဲ့ ​ဖွေး​ဖွေး

Posted on - May 19 []

Myint Myat

စာရေးသူ

မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ ပရိသတ်​​တွေ အချစ်​ရဆုံး မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့အပြင် သူမရဲ့အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ပရိသတ်တွေ ပိုပိုပြီး များလာသူလေးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ဖွေးစိန်လေးက ချစ်​ရတဲ့ သူငယ်​ချင်း​လေးနဲ့အတူ မုန့်​​တွေ​လျှောက်​စားရင်း ​ပျော်​​နေတာ ​တွေ့ရပါတယ်​။ အစားအ​သောက်​​တွေ စား​နေရရင်​​ ​ပျော်​​နေတဲ့ ​ဖွေးစိန်​​လေးက​တော့ အရမ်းကို ချစ်​ဖို့​ကောင်းလွန်းပါတယ်​​နော်​။

မိုမိုလေးချစ်ပရိသတ်တွေအတွက် Super Sunday မှာ သူငယ်​ချင်းနဲ့ မုန့်​​တွေ​လျှောက်​စားရင်း ​ပျော်​​နေတဲ့ ​ဖွေးစိန်​​လေးရဲ့ပုံရိပ်​​တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ဖွေးစိန်​​လေးရဲ့ သူငယ်​ချင်းက​တော့ "စားရမယ်ဆို သူအရမ်းပျော် ....တွေ့လိုက်တိုင်း Negative မပါကြေး စိတ်ညစ်စရာတွေ မပြောကြေးဆိုပြီး အစားဘက်လှည့်ရင်း စားလိုက်သောက်လိုက်နဲ့" ဆိုပြီး ​ဖွေးစိန်​​လေးနဲ့ Date လုပ်​ခဲ့တဲ့ Super Sunday ​လေးအ​ကြောင်းကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။

စား​နေရရင်​ ​ပျော်​​နေ​သော သူမ...

ဖွေးဖွေးကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ရိုက်နားထားရတယ်​လို့ သိရပါတယ်​။ စိတ်​ထား​ကောင်းပြီး သူတစ်​ပါးကို ကူညီတတ်​တဲ့ ​ဖွေးစိန်​​လေးက​တော့ လူချစ်​လူခင်​​ပေါတဲ့ ချစ်​စရာမင်းသမီး​လေးတစ်​ဦးပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မုန့်​စား​နေရရင်​ ​ပျော်​​နေတဲ့ ​ဖွေး​စိန်​​လေးကို ချစ်​ရင် Share သွားကြပါဦး​နော်​။

Myint Myat
Source:Phway Phway's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။