ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး ထိတ်လန့် သည်းဖိုရုပ်ရှင်ဇာတ်ကားများ

Posted on - May 19 []

Douglas Thura

စာရေးသူ

Hollywood ရုပ်ရှင်ဇာတ်ကားတွေဟာ တစ်ကမ္ဘာလုံးက ရုပ်ရှင်ချစ်ပရိသတ်တွေအားပေးမှုရရှိတဲ့အတိုင်းအတာနဲ့ အညီ တစ်နှစ်ထက်တစ်နှစ် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဆက်လက်ထုတ်လုပ်ရိုက်ကူးနေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း Quality ပြည့်ဝတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြည့်လျှံပြည့်အားပေးတတ်ကြတာကြောင့် Box Office တွေမှာ နေရာကောင်းကိုရရှိပြီး ကမ္ဘာ့ အနှံ့ ရုံတင်ဝင်ငွေတွေကိုလည်း သိမ်းကြုံးယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေ အားပေးမှုအများဆုံးရုပ်ရှင်ဇာတ်ကားတွေထဲမှာ Horror ဇာတ်ကားတွေလည်းအပါအ၀င်ဖြစ်ပြီး ကြောက်လန့် ရတဲ့ခံစားမှုကိုမှ ကြည့်ချင်ကြတဲ့ ပရိသတ်တွေပိုမိုများပြားတာကြောင့် ထိတ်လန့် သည်းဖိုဇာတ်ကားတွေဟာ ပိုပြီးအောင်မြင်လေ့ရှိတာဖြစ်ပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကောင်းဆုံးရရှိခဲ့တဲ့ ထိတ်လန့် သည်းဖိုရုပ်ရှင်ဇာတ်ကားတွေကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

The Exorcist

1973 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Exorcist ရုပ်ရှင်ဇာတ်ကားဟာ Budget $ 12 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 441 Million ကျော် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

The Silence of the Lambs

1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Silence of the Lambs ရုပ်ရှင်ဇာတ်ကားဟာ Budget $ 19 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 272 Million ကျော် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

Shutter Island

2010 ခုနှစ်က ထွက်ရှိခဲ့တဲ့ Shutter Island ရုပ်ရှင်ဇာတ်ကားဟာ Budget $ 65 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 294 Million ကျော် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

The Village

2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Village ရုပ်ရှင်ဇာတ်ကားဟာ Budget $ 112 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 256 Million ကျော် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

The Ring

2002 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring ရုပ်ရှင်ဇာတ်ကားဟာ Budget $ 48 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 249 Million ကျော်တောင် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

Get Out

2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Get Out ရုပ်ရှင်ဇာတ်ကားဟာ Budget $ 4.5 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 255 Million ကျော်တောင် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

IT

2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ရုပ်ရှင်ဇာတ်ကားဟာ Budget $ 35 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 700 Million ကျော် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

Blair Witch Project

1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ Blair Witch Project ရုပ်ရှင်ဇာတ်ကားဟာ Budget $ 60,000 နဲ့ သာရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 225 Million တောင် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

A Quiet Place

ပရိသတ်တွေကို ခြောက်ခြားမှုတွေအပြည့်အ၀ပေးစွမ်းနိုင်ခဲ့တဲ့ A Quiet Place ရုပ်ရှင်ဇာတ်ကားဟာ Budget $ 17 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 338 Million ကျော် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

Annabelle : Creation

2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Annabelle : Creation ရုပ်ရှင်ဇာတ်ကားဟာ Budget $ 15 Million နဲ့ ရိုက်ကူးခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀င်ငွေ $ 306 Million ကျော် ပြန်လည်ရရှိထားပြီဖြစ်ပါတယ်။

Ref : BrainBerries
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။