လေပြင်းတိုက်​ပြီး ပျက်​စီးသွားတဲ့ ​မြောက်​ဦးမြို့က ​စေတီတစ်​ဆူကို ပြုပြင်​သွားမယ်​ဆိုတဲ့ လွင်​မိုး

Posted on - May 19 []

Myint Myat

စာရေးသူ

ပရိသတ်​​တွေအရမ်းချစ်​ခင်​ကြတဲ့ ဝါရင့်​သရုပ်​​ဆောင်​ကြီး အကယ်​ဒမီလွင်​မိုးက​တော့ အလှူအတန်းလုပ်​ရတာကို ဝါသနာပါလွန်းသူမို့ မကြာခဏဆိုသလို ကုသိုလ်​​ရေး​တွေ လုပ်​ဖြစ်​​နေသူပဲဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ လွင်​မိုးက လွန်​ခဲ့တဲ့ ဆယ်​နှစ်​က သူတို့ဇနီး​မောင်​နှံနှစ်​ဦး အလှူပါဝင်​ခဲ့တဲ့ ​မြောက်​ဦးမြို့ကမြို့ဦး​ခေါင်း​စေတီကြီး ​လေပြင်းတိုက်​ပြီး​တော့ အမိုး​တွေပြိုပျက်​သွားတာ​ကြောင့်​ အမြန်​ဆုံးပြုပြင်​သွားမယ့်​အ​ကြောင်း လူမှုကွန်​ယက်​ပေါ်မှာ ​ဝေမျှထားခဲ့တာပါ။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ​လေပြင်းတိုက်​ပြီး ပျက်​စီးသွားတဲ့ ​မြောက်​ဦးမြို့က ​စေတီတစ်​ဆူကို ပြုပြင်​သွားမယ်​ဆိုတဲ့ လွင်​မိုး တို့ မိသားစု​လေးရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

လွင်​မိုးက​တော့ "2006..ခုနှစ်မှာထီးတင်ခဲ့ပြီး..2016..ခုနှစ်မှာပြန်လည်မွန်းမံခဲ့တဲ့..မြောက်ဦးမြို့ကမြို့ဦးခေါင်းစေတီ..လေပြင်းတိုက်၍...အမိုးပြိုပျက်....အမြန်ဆုံးပြုပြင်ရန်စီစဉ်ဆောင်ရွက်​​နေပါသည်...." ဆိုပြီး သူတို့ဇနီး​မောင်​နှံ အလှူပါဝင်​ခဲ့တဲ့ ​စေတီ​ကို ပြုပြင်​သွားမယ့်​အ​ကြောင်း ​ရေးသားထားတာပါ

လွင်းမိုးက​တော့ လတ်​တ​လောမှာ သူနဲ့အရမ်းတူတဲ့ ​မြေး​လေး Liam ကိုထိန်းရင်း စီးပွား​ရေးအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ မိုမိုလေးချစ်ပရိသတ်တွေလည်း ​အရမ်းကိုကြည်​နူးဖို့​ကောင်းတဲ့ လွင်​မိုးတို့မိသားစုရဲ့အလှူအ​ကြောင်းကို အချင်းချင်း ​ဝေမျှ သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source;Lwin Moe's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။