အပိုင်း(၁)ထက် အများကြီးပိုကြမ်းမယ်ဆိုတဲ့ IT Chapter Two

Posted on - May 20 []

Douglas Thura

စာရေးသူ

2019 ခုနှစ်ကတော့ နိုင်ငံတကာရုပ်ရှင်ချစ်သူတွေအတွက် ရင်ခုန်စရာအကောင်းဆုံးနှစ်တစ်နှစ်လို့ ဆိုရမှာဖြစ်ပြီး လတိုင်းလိုလိုမှာ ရုပ်ရှင်ဇာတ်ကားကောင်းတွေ အဆက်မပြတ် ရုံတင်ပြသနေတာကြောင့် ရုပ်ရှင်ချစ်သူတွေအနေနဲ့ ရုပ်ရှင်ရုံနားမှာ အိမ်ငှားပြီးနေရမလိုတောင် ဖြစ်နေတာအမှန်ပါ။ ပြီးခဲ့တဲ့တစ်လောကပဲ နာမည်ကြီး Horror ရုပ်ရှင်ဇာတ်ကား IT ရဲ့ အပိုင်းဆက်ဖြစ်တဲ့ IT Chapter Two ရဲ့ teaser trailer လည်း ထွက်ရှိလာခဲ့ပြီး Horror ရုပ်ရှင်ချစ်သူပရိသတ်တွေကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပါတယ်။ IT Chapter 2 ဟာ teaser trailer သာ ထွက်ရှိသေးတယ်ဆိုပေမယ့်လည်း ပြသထားတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ဟာ IT ပရိသတ်တွေကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့တာအမှန်ပါ။

IT Chapter 2 မှာတော့ IT ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Bill, Beverly, Richie, Eddie, Stanley, Ben နဲ့ Mike တို့ ပြန်လည်ဆုံတွေ့ ကြပြီး သူတို့ ရဲ့ မွေးရပ်မြေမှာ တစ်ဖန်ပြန်လည်ရောက်ရှိလာမယ့် Pennywise ရဲ့ အန္တရာယ်ကို တားဆီးဖို့ ကြိုးစားရတာကို တွေ့ မြင်ရမှာပါ။

အခုလည်း IT ရဲ့ ဇာတ်ညွှန်းရေးသားသူဖြစ်တဲ့ Gary Dauberman က IT ပရိသတ်တွေကို ပိုပြီးရင်ခုန်သွားအောင် Tease လိုက်ပြန်ပါပြီ။ The Hollywood Reporter နဲ့ အင်တာဗျူးမှာ Gary ပြောခဲ့တာကတော့ ... " IT Chapter 2 ဟာ အပိုင်း(၁)တုန်းကထက် ပိုကြောက်စရာကောင်းသလို သွေးသံရဲရဲဇာတ်ဝင်ခန်းတွေလည်း အများကြီးပါဦးမှာပါ၊ နှစ်ပိုင်းလုံးကို ကြောက်စရာအကောင်းဆုံးဖြစ်အောင် ဖန်တီးခဲ့ပေမယ့် အပိုင်း(၂)ကတော့ အပိုင်း(၁)ထက်ကို ပိုကြမ်းမှာပါ" လို့ ပြောခဲ့တာဖြစ်ပါတယ်။

IT Chapter Two ရုပ်ရှင်ကို 2019 ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ မှာ ကမ္ဘာအနှံ့ ရုံတင်ပြသသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာတော့ နိုင်ငံတကာနဲ့ တစ်ပြေးညီပြသသွားမလားဆိုတာကို စောင့်ကြည့်ရမှာပါ။ teaser မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း အောက်မှာ video နဲ့ တကွ တင်ပေးလိုက်ပါတယ်နော်။

IT CHAPTER TWO - Official Teaser Trailer

Ref : Unilad
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။