မြန်မာ့ဂုဏ်ဆောင် ကာယဗလမောင်မယ်တွေကို ရင်းရင်းနှီးနီး အားပေးခဲ့တဲ့ ကျော်ကျော်နန္ဒ

Posted on - May 20 []

Rowena

စာရေးသူ

"ဆက်ပက်သင်္ကြန်၊ ဖြူစင်တဲ့အချစ်" စတဲ့ သီချင်းတွေနဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေပန်းစားလာတဲ့ ကျော်ကျော်နန္ဒက လက်ရှိမှာလဲ သူဝါသနာပါရာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။အနုပညာကို ရူးသွပ်​လွန်းလို့ ဆယ်​စုနှစ်​တစ်​ခု​ကျော်​ကြာ​အောင်​ ကြိုးစားပြီး ရပ်​တည်​​နေတဲ့ ​ကျော်​​ကျော်​နန္ဒက​တော့ တမူထူးခြားတဲ့ ဖန်တီးမှုတွေနဲ့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အရယူနိုင်​ခဲ့သူတစ်​ဦးဆိုလဲ မမှားပါဘူး။ ကျော်ကျော်နန္ဒက သူ့ရဲ့သီချင်းတွေနဲ့သာမက သူ့ရဲ့ ဆန်းပြားလှတဲ့ ဖက်ရှင်ဆန်းတွေကြောင့်လဲ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

မနေ့က မေလ(၁၉) ရက်နေ့မှာတော့ ကျော်ကျော်နန္ဒက နိုင်ငံ့ဂုဏ်ဆောင် ကာယဗလအလှမောင်မယ်တွေကို သွားရောက် အားပေးဂုဏ်ပြုပေးခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ကျော်ကျော်နန္ဒရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ကာယဗလမယ်လေးတွေကတောင် ကျော်ကျော်နန္ဒထက် ဗလပိုတောင့်နေသေးတယ်နော်။

ဖြူစင်တဲ့အချစ် သီချင်းကို သီဆိုပြခဲ့တဲ့ ကျော်ကျော်နန္ဒ

ကျော်ကျော်နန္ဒကတော့ နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်တွေနဲ့ ရင်းနှီးစွာ တွေ့ဆုံပြီး ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source;Kyaw Kyaw Nada's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။