သူများသီချင်းကို ကူးချထားတယ်လို့ စွပ်စွဲခံနေရပြန်တဲ့ I Don't Care သီချင်း

Posted on - May 20 []

Douglas Thura

စာရေးသူ

Perfect သီချင်းအဆိုတော် Ed Sheeran ဟာ သီချင်းဆိုတဲ့နေရာမှာသာ ကောင်းမွန်ပြည့်စုံတာမဟုတ်ပဲ တေးရေးဆရာတစ်ယောက်အနေနဲ့ လည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ Ed ဟာ တစ်ခြားထိတ်ထိတ်ကြဲအဆိုတော်များစွာရဲ့ သီချင်းတွေကိုလည်း ရေးစပ်ပေးခဲ့ဖူးပြီး သူရေးခဲ့သမျှ သီချင်းတိုင်းလိုလိုဟာ ဂီတချစ်သူတွေကြား ရေပန်းစားလေ့ရှိတာကြောင့် ပရိသတ်တွေအနေနဲ့ Ed ရဲ့ သီချင်းသစ်တွေထွက်ရှိလာဖို့ အမြဲလိုလို မျှော်လင့်နေကြရတာလည်း ဖြစ်ပါတယ်။

လတ်တလော ဂီတချစ်သူပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တဲ့သီချင်းကတော့ Ed နဲ့ Justin Bieber တို့ ရဲ့ သီချင်းသစ် I Don't Care ဖြစ်ပြီး စတင်ထွက်ရှိပြီးတည်းက Hit ဖြစ်ခဲ့ပေမယ့်လည်း အခုတစ်လောမှာတော့ ပြဿနာတစ်ချို့ နဲ့ ရင်ဆိုင်နေရတာကို တွေ့ ရပါတယ်။

Ed နဲ့ JB တို့ ရဲ့ I Don't Care သီချင်းဟာ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ အဆိုတော် Cheryl Cole ရဲ့ I Don't Care သီချင်းနဲ့ နာမည်ကအစဆင်တူနေတဲ့အပြင် Chorus အပိုင်းဟာလည်း ကူးချထားသလို ဆင်တူနေတယ်ဆိုပြီး တစ်ချို့ ပရိသတ်တွေက တွစ်တာမှာ ရေးသားထားကြတာဖြစ်ပါတယ်။

တွစ်တာမှာ ပရိသတ်တွေ ရေးသားထားကြတာကတော့ ..." Ed Sheeran နဲ့ Justin Bieber တို့ ရဲ့ I Don't Care သီချင်းက Cheryl Cole ရဲ့ I Don't Care သီချင်းနဲ့ ခေါင်းစဉ်တူနေတာကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် Chorus အပိုဒ်ပါတူနေတယ်လို့ ခံစားရတာ ငါတစ်ယောက်တည်းလား?" "Ed Sheeran တစ်ယောက် ဘယ်လိုတွေလုပ်နေပါလိမ့်၊ Chorus အပိုဒ်က Cheryl ရဲ့ I Don't Care နဲ့ လာတူနေတယ်" ... ဆိုပြီး Ed က Cheryl သီချင်းအတိုင်းကူးချထားသလို ရေးသားနေကြတာကို တွေ့ ရပါတယ်။

Ed တစ်ယောက် အခုလို စွပ်စွဲခံရတာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး၊ သူ့ ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ Thinking Out Loud သီချင်းဟာလည်း Marvin Gaye ရဲ့ Let’s Get It On သီချင်းနဲ့ ဆင်တူတယ်ဆိုပြီး စွပ်စွဲခံရဖူးသလို Photograph သီချင်းဟာလည်း Amazing သီချင်းနဲ့ ဆင်တူတယ်ဆိုပြီး တရားစွဲခံခဲ့ရတာကြောင့် Amazing သီချင်းရဲ့ တေးရေးဆရာတွေဖြစ်တဲ့ Thomas Leonard နဲ့ Martin Harrington တို့ ကို ဒေါ်လာသန်း(၂၀) လျော်ကြေး ပေးခဲ့ရပါသေးတယ်။

အခု I Don't Care သီချင်းနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေရဲ့ စွပ်စွဲချက်တွေ ပြင်းထန်နေပေမယ့်လည်း အဆိုတော်တွေဖက်က ဘာမှတုံ့ ပြန်ခြင်းမရှိသေးတာကြောင့် Ed အနေနဲ့ တရားစွဲခံရနိုင်ဖွယ်ရှိ၊ မရှိဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ သီချင်းနှစ်ပုဒ်လုံးကို နားမထောင်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း အောက်မှာ Video နဲ့ တကွ တင်ပေးလိုက်ပါတယ်။ နားထောင်ပြီးရင်လည်း တစ်ချို့ ပရိသတ်တွေ စွပ်စွဲနေကြသလို တစ်ကယ် ဆင်တူ၊ မတူဆိုတာကို ဝေဖန်ခဲ့ကြပါဦးနော်။

Cheryl Cole ရဲ့ 'I Don't Care' သီချင်း

Ed Sheeran နဲ့ Justin Bieber တို့ ရဲ့ I Don't Care သီချင်း

Ref : Unilad
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။