အဆုပ်ထဲရေဝင်ပြီး အမောဖောက်လို့ ဆေးရုံပြန်တင်လိုက်ရပြန်တဲ့ ကစ်ကစ်

Posted on - May 20 []

K Kay

စာရေးသူ

သရုပ်ဆောင် ကစ်ကစ်ဟာဆိုရင် အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ရသူ တစ်ဦးဖြစ်ပြီး အနုပညာအပေါ်မှာ အရမ်းကိုတန်ဖိုးထား လေးစားချစ်မြတ်နိုးလွန်းတဲ့ သူလေးတစ်ယောက်ပါ။ အနုပညာအပေါ်ချစ်ခင်တဲ့ သူမကတော့ ယခုလိုနေထိုင်မကောင်းဖြစ်ပြီး စိတ်သွားတိုင်းကိုယ်မပါဖြစ်နေရတဲ့ အချိန်မှာတောင် နေကောင်းလာတာနဲ့ အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့ တဖွဖွပြောဆိုခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလိုကလည်း ပရိသတ်တွေအတွက် ဟာသလေးနှောပြီး သရုပ်ဆောင်ပြသပေးထားခဲ့တာကြောင့် ပရိသတ်တွေက သူမရဲ့ အနုပညာကို အကြိုက်တွေ့စေခဲ့ပြီး သဘောကျနှစ်သက်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကစ်ကစ်ဟာဆိုရင် ကျန်းမာရေးဖောက်ပြန်မှုတွေကြောင့် နေထိုင်မကောင်းဖြစ်ပြီး ဆေးရုံကို ခဏခဏတက်ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဆေးဝါးကုသမှု ကုန်ကျစရိတ်တွေ အရမ်းများခဲ့ပေမယ့်လည်း အများရဲ့ ကူညီထောက်ပံ့ပေးမှုတွေနဲ့ အသက်ဆက်ရှင်ခွင့် ရနေခဲ့ရတာပဲဖြစ်ပါတယ်။ အများရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ အသက်ဆက်လက်ရှင်သန်ခဲ့ရတဲ့ ကစ်ကစ်ကတော့ ပူပြင်းလွန်းတဲ့ ရာသီဥတုမှာ ရေများများသောက်မိလိုက်ပြီး ကျောက်ကပ်မကောင်းတဲ့အတွက် အဆုပ်ထဲရေသွားပြီး ပြန်မထုတ်နိုင်ခဲ့တာကြောင့် မေလ (၁၈) ရက်နေ့မှာ ဆေးရုံကို အရေးပေါ်လူနာအဖြစ် ပြန်တက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ကစ်ကစ် အရေးပေါ်လူနာအဖြစ် ဆေးရုံပြန်တက်ရမယ့်အကြောင်းကို MRTV ဇာတ်လမ်းတွဲများနှင့် ဗီဒီယို၊ ရုပ်ရှင်၊ Music video များနှင့် ကြော်ငြာများစွာတို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်မလေး ခင်သဇင်က " မကစ် ဆေးရုံထပ်တက်ရပြန်ပါပြီ ကျောင်းစာလုပ်ရင်း ည ၁၁ နာရီလောက် ထပြေးကြည့်ရပါတယ် ထုံးစံအတိုင်းရေသောက်များပြီး ကျောက်ကပ်မကောင်းတော့ စွန့်မထုတ်နိုင်ပဲ အဆုတ်ထဲရေဝင် အမောဖောက် ငိုနေတယ် မောလို့တဲ့ "

" အကြောင်းရင်းကတော့ မီးမလာတော့ ပူပြီးရေသောက်တာ အဲတော့ မီးမလာလည်း ဖွင့်လို့ ရတဲ့ ရေခဲလေး ထည့်ပြီး ဖွင့်လို့ရတဲ့ portable air con လေးများရှိပါသလားဟင် ဖြေပေးကြပါဦး သွားဝယ်ရမှာမို့ပါ မီးမလာလည်း အေးနေဖို့ သူ့အိမ်မှာ စီစဉ်ပေးမှ ရပါတော့မယ် " ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ပူပြင်းလွန်းလှတဲ့ ရာသီဥတုမှာ ရေများများသောက်မိပြီး အဆုပ်ထဲရေဝင်သွားလို့ ဆေးရုံပြန်တက်လိုက်ရတဲ့ ကစ်ကစ်အတွက် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ကစ်ကစ်တစ်ယောက် ကျန်းမာရေးကောင်းပြီး အမြန်သက်သာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရင်းနဲ့ ဒီပို့စ်လေးကို မျှဝေပြီး ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : Khin Thazin's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။