ကော့သောင်းမှာ အနားယူနေတဲ့ ပိုပိုရဲ့အလန်းစားပုံရိပ်တွေ

Posted on - May 20 []

Myint Myat

စာရေးသူ

အလွမ်းအဆွေးသီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းကောင်းလေးတွေကို ဖန်တီးနေသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုပိုက ဖျော်ဖြေရေးတစ်ခုအတွက ကော့သောင်းသို့ ရောက်ရှိနေတာဖြစ်ပြီး ကော့သောင်းမှာ လွတ်လွတ်လပ်လပ်ပျော်နေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထာတာ တွေ့ရပါတယ်။ အဖြူရောင်ဝတ်စုံလေးနဲ့ တစ်မျိုးလေးလှနေတဲ့ ပိုပိုရဲ့ပုံရိပ်တွေကတော့ အရမ်းကို ကြည့်လို့ကောင်းနေတာပါနော်။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက် ကော့သောင်းမှာ ရေကူးရင်း အနားယူနေတဲ အဆိုတော်မလေး ပိုပိုရဲ့အလှပုံရိပ်တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ပိုပိုကတော့ "Good Morning...ကော့သောင်း❤️ (ဗိုက်ကလေး ကအသက်😝)" ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
#popo

ပိုပိုကတော့ သူမကိုယ်သူမ ဝတယ်လို့ ထင်နေပေမယ့် သူမကိုချစ်ကြတဲ့ ပရိသတ်တွေရဲ့မျက်လုံးထဲမှာတော့ အရမ်းကိုလှနေတာပါနော်။

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ ပိုပိုကတော့ လာမယ့်​ ​မေလ ၂၁ ရက်​​နေ့​မှာ အလုပ်တွေအကုန်နားပြီး စစ်​ကိုင်းမှာ သီလရှင်​ဝတ်​သွားဖို့ရှိတယ်​လို့လည်း သိရပါတယ်။ ပရိသတ်​​တွေစိတ်​ဝင်​စား​နေကြတဲ့ ချစ်​စရာ​ကောင်​မ​လေး ပိုပိုရဲ့အချစ်​​ရေးက​တော့ အခုအချိန်အထိ တစ်​ကိုယ်တည်းပါပဲတဲ့​နော်​​​​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အရမ်းကို ချစ်ဖို့ေ​​ကာင်းတဲ့ ​​အဆိုတော်မလေး ပိုပိုကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Po Po's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။