Marie Claire မဂ္ဂဇင်းကာဗာထက်က Lee Dong Wook ရဲ့ ညို့အားပြင်းပုံရိပ်များ

Posted on - May 20 []

Mia Zin

စာရေးသူ

နှုတ်ခမ်းနီမလေးတို့ရဲ့ အသည်းစွဲကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Lee Dong Wook ဟာဆိုရင် လတ်တလောမှာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးပြိုင်ပွဲအစီအစဉ်ဖြစ်တဲ့ 'Produce X 101' မှာ တင်ဆက်သူအဖြစ်နဲ့ ပါဝင်တင်ဆက်နေတာကြောင့် ဒရမ်ကြိုက်ပရိသတ်တွေသာမက Kpop ကြိုက်ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို ရရှိနေတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်လို့ မထင်မှတ်ရလောက်အောင် နုပျိုလွန်းလှတဲ့ Lee Dong Wook ကို အသက် ၂၀ ကျော်အမျိုးသမီးပရိသတ်တွေကသာ ကြိုက်နှစ်သက်အားပေးကြယုံသာမက ဆယ်ကျော်သက်မိန်းကလေးပရိသတ်တွေကလည်း တစ်ခဲနက်အားပေးကြပါတယ်။ အခုတစ်ဖန်မှာလည်း Marie Claire မဂ္ဂဇင်းရဲ့ ကာဗာထက်မှာပါဝင်လာတဲ့ Lee Dong Wook ရဲ့ ပုံရိပ်အချို့တို့ဟာ ပရိသတ်တွေကို ရူးသွပ်အောင် ပြုစားလိုက်ပြန်ပါပြီ။

Lee Dong Wook တစ်ယောက် Marie Claire မဂ္ဂဇင်းရဲ့ပုံရိပ်တွေထဲမှာ ဘယ်လောက်တောင် ညို့အားပြင်းပြီး ဆွဲဆောင်မှုတွေပြည့်နေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ပါဦး။

Lee Dong Wook ဟာ သူ့အနေနဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ တစ်ခါမှမလုပ်ကိုင်ခဲ့ဖူးတဲ့ အစီအစဉ်တင်ဆက်ခြင်းကို အခုမှသာ ပထမဆုံးအကြိမ်လုပ်ရတာဖြစ်တာကြောင့် ဒီလိုမျိုးစိန်ခေါ်မှုနဲ့ ပတ်သတ်ပြီး Marie Claire မဂ္ဂဇင်းရဲ့ ကာဗာဓာတ်ပုံတွေရိုက်ကူးခဲ့စဉ်က အခုလိုမျိုးပဲပြောပြခဲ့ပါတယ်။

" 'Produce X 101' မှာ တင်ဆက်သူအဖြစ်နဲ့ လုပ်ကိုင်နေစဉ်တုန်းက မတူညီကွဲပြားတဲ့နယ်ပယ်တစ်ခုဖြစ်တာမို့လို့ ကျွန်တော် အတွေ့အကြုံတွေ အများကြီးရခဲ့သလို အခက်အခဲတွေလည်း တွေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါဝင်ယှဉ်ပြိုင်ကြတဲ့ လူငယ်တွေဆီကနေ ခွန်အားတွေနဲ့ သတ္တိတွေရခဲ့တာကြောင့် ဒီအစီအစဉ်မှာပါဝင်ဖြစ်တာက ကျွန်တော့်အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ" လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Lee Dong Wook ရဲ့ အနပညာလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး နောက်ဆုံးရောက်ရှိထားတဲ့သတင်းကတော့ OCN ရုပ်သံလိုင်းကနေ ရိုက်ကူးထုတ်လွှင့်မယ် 'Hell Is Other People' ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

အရမ်းတွေကြည့်ကောင်းပြီး ဆွဲဆောင်မှုတွေအပြည့်ရှိတဲ့ Lee Dong Wook ကို ကြွေမိကြတဲ့သူတွေများရှိကြသလားဗျို့။

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။