အသင်းရှုံးနိမ့်နေချိန်မှာ ရယ်မောပြီးဟာသလုပ်နေတဲ့ ဘေးလ်ကို ရီးရဲပရိသတ်တွေ ဒေါသထွက်

Posted on - May 20 []

Gunner Ksr

စာရေးသူ

ဂါရတ်ဘေးလ်နဲ့ ရီးရဲတို့ရဲ့ ဇာတ်လမ်းကတော့ တစ်ခန်းရပ်ဖို့ များသွားခဲ့ပါပြီ။ ရီးရဲအသင်းနဲ့ ဘေးလ်တို့အကြား အက်ကြောင်းဟာ တစ်စထက်တစ်စ ကြီးမားလာခဲ့ပြီး အဆိုးရွားဆုံးအနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ပုံစံအတိုင်းဆိုရင်တော့ ဘေးလ်ဟာ လာမယ့်အပြောင်းအရွှေ့မှာ ရီးရဲကနေ သေချာပေါက်ထွက်ခွာတော့မှာပါ။ ပရိသတ်တွေ အမြင်မကြည်ရတဲ့ကြားထဲ ဘက်တစ်အသင်းနဲ့ပွဲစဉ်က ဘေးလ်ရဲ့ပုံရိပ်ဟာလည်း မီးလောင် ရာလေပင့် ဆိုသလိုပါပဲ။

ရီးရဲအသင်းဟာ လာလီဂါပွဲစဉ် (၃၈) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အိမ်ကွင်းဘာနေဗျူးမှာပဲ ဘက်တစ်ကို ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ စိတ်ပျက်စရာကောင်းခဲ့တဲ့ ရာသီတစ်ခုရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာတောင် အနိုင်မရခဲ့တဲ့အတွက် ရီးရဲပရိသတ်တွေဟာ အလွန်အမင်း စိတ်ပျက်လျက်ရှိနေပါတယ်။

ဒါကြောင့် ရီးရဲပရိသတ်တွေရဲ့အမျက်ဒေါသဟာ သူတို့အမြင်မကြည်တဲ့ဘေးလ်အပေါ် ပုံကျသွားခဲ့ပါတယ်။ ဘက်တစ်ကို ရှုံးနိမ့်ခဲ့တာဟာ ရီးရဲအတွက် စိတ်ပျက်စရာကောင်းလွန်းခဲ့ပေမယ့် ဒါဟာ ဘေးလ်နဲ့ တိုနီခရူးစ်တို့က သူတို့နဲ့ မသက်ဆိုင်သလို ပြုမှုခဲ့တာပါ။

ရီးရဲတို့ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်နေချိန် ပွဲချိန် ၇၈ မိနစ်မှာ အရန်ခုံမှာရှိနေတဲ့ ဘေးလ်နဲ့ တိုနီခရူးစ်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်း ရယ်မောကာ စကားတွေဖောင်ဖွဲ့ပြောနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဘေးလ်လို ပရိသတ်တွေရဲ့အမြင်မကြည်မှုကို ခံနေရတဲ့ ကစားသမားတစ်ယောက် မလုပ်သင့်တဲ့အရာပါ။

ရီးရဲတို့ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်နေချိန် ပွဲချိန် ၇၈ မိနစ်မှာ အရန်ခုံမှာရှိနေတဲ့ ဘေးလ်နဲ့ တိုနီခရူးစ်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်း ရယ်မောကာ စကားတွေဖောင်ဖွဲ့ပြောနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဘေးလ်လို ပရိသတ်တွေရဲ့အမြင်မကြည်မှုကို ခံနေရတဲ့ ကစားသမားတစ်ယောက် မလုပ်သင့်တဲ့အရာပါ။

ဒါကြောင့် အဲဒီပုံရိပ်တွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ရာမှာတော့ ရီးရဲပရိသတ်တွေဟာ ဘေးလ်ကို ပိုမိုအမျက်ထွက်ခဲ့ကြပါတယ်။ နည်းပြဇီဒန်းဟာလည်း ရာသီအကုန်မှာ ဘေးလ်ကိုရောင်းထုတ်တော့မယ့်အကြောင်းကို အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် ဘေးလ်အနေနဲ့ ရီးရဲကနေ သေချာပေါက်ထွက်ခွာတော့မှာဖြစ်ပြီး ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲဆိုတာကတော့ စိတ်ဝင်တစားနဲ့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။