ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေရဲ့နောက်ကွယ်က အံ့အားသင့်စရာ အကြောင်းအရာများ

Posted on - May 20 []

Douglas Thura

စာရေးသူ

Hollywood က နာမည်ကြီးရုပ်ရှင်တော်တော်များများဟာ Visual Effect တွေနဲ့ အမိုက်စားရိုက်ကူးထားတာကြောင့် ဇာတ်လမ်းဇာတ်ကွက်မရှိရင်တောင် ၀င်ငွေသောက်သောက်လဲ သိမ်းကြုံးယူနိုင်တယ်ဆိုပေမဲ့ တစ်ချို့ ရုပ်ရှင်တွေထဲမှာတော့ အဓိပ္ပါယ်တွေများစွာနဲ့ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်နေတာကို တွေ့ ရပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးပေးဆပ်တဲ့အနေနဲ့ အကွက်စေ့အောင်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေတော်တော်များများဟာ ရိုက်ကူးနေတဲ့အချိန်အတောအတွင်းမှာလည်း အခက်အခဲများစွာဖြစ်ခဲ့ရသလို ပရိသတ်တွေမသိသေးတဲ့ အကြောင်းအရာတွေလည်း များစွာရှိနေသေးတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေသိစေဖို့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

The Hobbit

The Hobbit ရုပ်ရှင်ထဲက နဂါးကြီး Smaug နဲ့ ရွှေတွေအကြောင်းရိုက်ကူးပြတဲ့ ဇာတ်ဝင်ခန်းမှာလည်း ရွှေ့ရောင်ဆေးတွေမလောက်ငှတာကြောင့် Germany ကနေ တကူးတကမှာယူပြီးမှ ဆက်လက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

The Hulk

Avengers Franchise ထဲက The Hulk ကြီးရဲ့ ပင်ကိုယ်အရောင်ဟာ အစိမ်းရောင်မဟုတ်ပါဘူး၊ Comic တွေဖန်တီးခဲ့တဲ့ Stan Lee ဟာ The Hulk ရဲ့ အရောင်ကို မီးခိုးရောင်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ Comic စာအုပ်ပုံနှိပ်သူရဲ့ အမှားကြောင့် အစိမ်းရောင်ခြယ် Monster ကြီးတစ်ကောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း Stan Lee ကိုယ်တိုင်က အစိမ်းရောင် Hulk ကို ပိုမိုသဘောကျသွားတာကြောင့် ရုပ်ရှင်ရိုက်ကူးတဲ့အခါမှာလည်း အစိမ်းရောင်ကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။

Saving Private Ryan

မင်းသားကြီး Tom Hanks ရဲ့ နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ Saving Private Ryan ဇာတ်ကားထဲက စစ်တိုက်တဲ့ဇာတ်ဝင်ခန်းတွေဟာ တစ်ကယ့်အစစ်အမှန်စစ်ပွဲတစ်ခုလို ပီပြင်လွန်းနေတာကြောင့် ရုပ်ရှင်ထဲမှာပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတော်တော်များများကို ပြင်းထန်လွန်းတဲ့ စိတ်ဒဏ်ရာတွေများစွာ ရရှိစေခဲ့ပါတယ်။

Charlie and the Chocolate Factory

Charlie and the Chocolate Factory ရုပ်ရှင်ဇာတ်ကားထဲမှာပါဝင်ခဲ့တဲ့ ရှဥ့်တွေဟာ Effect တွေနဲ့ ဖန်တီးထားတာမဟုတ်ပဲ တစ်ကယ့်ရှဥ့်အစစ်တွေကို အသုံးပြုရိုက်ကူးထားတာဖြစ်ပါတယ်။ လိုအပ်တဲ့ဇာတ်ဝင်ခန်းတွေအတွက် ဒါရိုက်တာ Tim Burton ကိုယ်တိုင် ရှဥ့်အကောင်(၄၀)ကို ခက်ခက်ခဲခဲသင်ကြားပေးပြီးမှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Skyfall

Skyfall ရုပ်ရှင်ထဲက ရထားပေါ်မှာ fight ကြတဲ့ ဇာတ်ဝင်ခန်းမှာလည်း မင်းသားကြီး Daniel Craig တစ်ယောက် အမှန်တစ်ကယ် ပြေးဆွဲနေတဲ့ရထားအစစ်တစ်စင်းပေါ်မှာ စွန့် စွန့် စားစား ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

Deadpool

Deadpool ရုပ်ရှင်ထဲမှာ ကိုဒတ်ပူးတစ်ယောက် Ajax ကိုသွားတိုက်ခိုက်တဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ တက္ကစီပေါ်ကအဆင်း လက်နက်အိတ်ကို မေ့ပြီးထားခဲ့တာကို မှတ်မိကြမှာပါ။ တစ်ကယ်တော့ အဲ့လိုသရုပ်ဆောင်ခဲ့တာ အကြောင်းအရင်းရှိပါတယ်၊ Deadpool ရုပ်ရှင်ရိုက်ကူးနေစဉ်မှာ Budget ငွေ $7 million တောင် လျှော့ချခံလိုက်ရတာကြောင့် မလိုအပ်တဲ့ဇာတ်ဝင်ခန်းအတွက် ၀င်ငွေအကုန်အကျလျော့နည်းအောင် အခုလို ဇာတ်ညွှန်းပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။