အပြင်မှာပိုလှတယ်လို့ သတင်းထောက်တွေက သတ်မှတ်ပေးထားတဲ့ အမျိုးသမီး Idol များ

Posted on - Jan 12 []

Mia Zin

စာရေးသူ

သတင်းထောက်တွေဟာ အလုပ်သဘောအရ idol တွေ၊ သရုပ်ဆောင်တွေနဲ့ မကြာခဏဆုံတွေ့လေ့ရှိသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ရွေးချယ်ခဲ့တဲ့ အလှဆုံးအနုပညာရှင်ဟာ လူအများစိတ်ဝင်စားမှုကိုရတဲ့ အနုပညာရှင်တွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သတင်းထောက်တစ်ယောက်က သူကိုယ်တိုင်အပါအ၀င် သတင်းထောက် (၅)ယောက်ကို ရွေးချယ်ခဲ့ပြီး လူချင်းတွေတဲ့အချိန်မှာ အလှဆုံး အမျိုးသမီး idol တွေကို ပြောပြခဲ့ပါတယ်။ အဲဒီ အမျိုးသမီး Idol တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

1. Reporter A – TWICE’s Tzuyu & MOMOLAND's Yeonwoo

အမျိုးသမီး idol အဖွဲ့ဝင်တွေအားလုံးက သူ့ပုံစံနဲ့ သူချောမောလှပကြသူတွေချည်းပါပဲ။ ဒါပေမယ့်လည်း သတင်းထောက် A ကတော့ MOMOLAND ရဲ့ Yeonwoo နဲ့ TWICE ရဲ့ Tzuyu တို့က သူ့အမြင်မှာတော့ အလှဆုံးပဲလို့ပြောပြခဲ့ပါတယ်။

အထူးသဖြင့် Tzuyu ရဲ့ ပုံပန်းသွင်ပြင်ကို အပြင်မှာမြင်ရတဲ့အချိန်မှာ သူ့အနေနဲ့ shock ရခဲ့တယ်လို့ဆိုပါတယ်။ သူမကို ၂၀၁၅ခုနှစ်မှာ SIXTEEN showcase မှ ပထမဆုံးမြင်ခဲ့ရတာဖြစ်ပြီး သူမကို မြင်ရတဲ့အချိန်မှာ 'လူတစ်ယောက်ရဲ့ ခြေတံက အဲ့ဒီလောက်တောင်ရှည်ရသလား။' လို့ရေရွတ်မိပါတယ်လို့ဆိုပါတယ်။

"သူမက အရမ်း အရပ်ရှည်ပြီး ကိုယ်ခန္ဓာအချိုးအစားကလည်း ပြီးပြည့်စုံလွန်းတာကြောင့် ကျွန်တော် သူ့ဘေးနားမှာရပ်နေတော့ ကျွန်တော့်ကို ငုံ့မိုးကြည့်နေသလားလို့တောင်ထင်ရတယ်။ ဒါကတကယ်ကို shock ရလောက်တဲ့အထိ ဖြစ်ခဲ့ပြီး အိမ်မက်ဆန်ဆန်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတစ်ခုပဲ။" လို့ဆိုကာ Tzuyu ရဲ့ပုံစံကိုတင်စားခဲ့ပါတယ်။

2. Reporter B – TWICE

Reporter B ကလည်း IDOL တွေက အပြင်မှာလည်း သူ့နည်းသူ့ဟန်နဲ့လှကြပါတယ် လို့ဆိုပါတယ်။ ဒါပေမယ့်လည်း အလှဆုံးက ဘယ်သူဖြစ်မလဲလို့မေးရင်တော့ သူ့အဖြေက Twice ပါပဲ။ Twice အဖွဲ့ဝင်တွေအားလုံးက အရမ်းလှတာကြောင့် တစ်ခါတစ်လေမှာ စာရေးနေတာရပ်ပြီး သူတို့ကို ငေးယူရတယ်လို့ဆိုပါတယ်။ သူက Twice ကို "မိန်းကလေး အဆိုတော်အဖွဲ့သမိုင်းတစ်လျှောက်မှာ အလှဆုံးအဖွဲ့ပါပဲ။" လို့တောင် တင်စားခဲ့တာ ဖြစ်ပါတယ်။

3. Reporter C – Girl’s Generation’s Yoona & Red Velvet's Irene

Reporter C ကတော့ သူတွေ့ဖူးတဲ့ အမျိုးသမီး Idol တွေအားလုံးထဲမှာ Yoona က အလှဆုံးဖြစ်တယ်လို့ သတ်မှတ်ပေးခဲ့ကာ သူမရဲ့မျက်နှာသေးသေးလေးက အရမ်းပြီးပြည့်စုံတာပဲ လို့ဆိုပါတယ်။ Red Velvet ရဲ့ Irene ကလည်း အလှဆုံး အမျိုးသမီး idol တွေထဲက တစ်ယောက်ပဲလို့ ပြောပြခဲ့ပါတယ်။ သူမရဲ့ တောက်ပနေတဲ့အသားအရေက အကောင်းဆုံးအရည်အသွေးပဲလို့တင်စားပြောဆိုခဲ့ပါတယ်။

4. Reporter D – Suzy

Suzy ကတော့ မိတ်ကပ်မလိမ်းပဲ အင်တာဗျူးလာဖြေတာတောင် လှလွန်းရက်သူတစ်ယောက်ဖြစ်တယ်လို့ အဆိုပါ သတင်းထောက်က ပြောပြခဲ့တာဖြစ်ပါတယ်။

5. Reporter E – Sulli

Reporter ရဲ့အမြင်မှာတော့ Sulli ဟာ အလှဆုံးလို့ထင်ပါတယ်တဲ့။ သူမက မက်မွန်သီးလေးလိုပဲလို့ တင်စားခဲ့ပါတယ်။ အသားအရေက ဖြုဖျော့နေပြီး ပါးတွေကတော့နီရဲနေပါတယ်တဲ့။ သူမအနေနဲ့ ပြန်လည်မွေးဖွားခဲ့မယ်ဆိုရင် Sulli လိုမျိုးမွေးဖွားချင်ပါတယ်လို့ ဖြေခဲ့ပါတယ်။

သင်တို့အမြင်မှာရော ဘယ်သူက အလှဆုံးဖြစ်မယ်လို့ ထင်ပါသလဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။