ဘယ်အသင်းကို ပြောင်းရွှေ့ချင်သလဲဆိုတာ အရိပ်အမြွက်ပြောကြားလိုက်တဲ့ ဇာဟာ

Posted on - May 22 []

Htoo Yan Ag

စာရေးသူ

ဒီရာသီမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပစ်မှတ် ဖြစ်သူ ခရစ်စတယ်လ်ပဲလေ့စ်အသင်း တောင်ပံကစားသမား ဇာဟာ ဟာ ဘယ်အသင်းကို ပြောင်းရွှေ့ချင်သလဲဆိုတာကို အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

ဇာဟာ ဟာ သူငယ်စဉ် ကလေးဘဝကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့တာဖြစ်ပြီး ယခုအချိန်ထိလည်း အာဆင်နယ်အသင်းကိုပဲ စွဲစွဲမြဲမြဲ အားပေးနေဆဲ ဖြစ်တယ်လို့လည်း SunSport ရုပ်သံဌာနကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဇာဟာအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေဖို့ လေသံပစ်နေတာဖြစ်တယ်လို့ အသင်းရဲ့ ပရိသတ်တွေက ယူဆနေကြပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီ ကလည်း ဇာဟာကို ဒီရာသီ အသင်းရဲ့ဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူလိုနေတာဖြစ်ပြီး ဂန်းနားတို့ရဲ့ လူစာရင်းမှာ ထည့်သွင်းပေါင်းစပ်လိုနေတာ ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းကတော့ သူတို့ရဲ့ တောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း၈၀အထိ သတ်မှတ်ထားပေမယ့် အာဆင်နယ်အသင်းကတော့ အမ်မရီကို အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ပေါင်သန်း၄၀ သာ အသုံးပြုခွင့် ပေးထားခဲ့တာပါ။

ဒါ့ကြောင့် အာဆင်နယ် အနေနဲ့ ဇာဟာကို ခေါ်ယူလိုပါက အသင်းရဲ့ ကစားသမားအချို့ကို အလိုက်ပေးခြင်း (သို့မဟုတ်) ကစားသမား ရောင်းချခြင်းများ ပြုလုပ်ပြီးမှသာ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဇာဟာ ဟာ ခရစ်စတယ်လ်ပဲလေ့စ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ၁၀ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်သူပါ။

အာဆင်နယ်အသင်းဟာ ဇာဟာလို အလိမ်အခေါက်စွမ်းရည် မြင့်မားတဲ့ ကစားသမား တစ်ဦး လိုအပ်နေပြီး အူနိုင်း အမ်မရီရဲ့ နည်းစနစ်ပိုင်းမှာ အသုံးဝင်လာမယ့် ကစားသမားတစ်ဦးလည်း ဖြစ်လာဖို့ ရှိပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပမယ့် ယူရိုပါလိဂ်ဖိုင်နယ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိပြီး ချယ်ဆီးအသင်းနဲ့ All-English Final အဖြစ် မေလ၂၉ရက်နေ့မှာ ကစားသွားရမှာ ဖြစ်ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။