အရမ်းဆွေးရမယ့် "ညီမလေး" သီချင်း MVကို ထုတ်ပြလိုက်ပြီဖြစ်တဲ့ ခြိမ့်ကေကို

Posted on - May 22 []

K Kay

စာရေးသူ

Myanmar Idol မှာ သီချင်း သွားပြိုင်ပြီး မြန်မာပြည်သိန်းတန်က ငှက်ပျောသီး ကျွေးရာမှ ဘနားနားလို့ နာမည်ကြီး လူသိများလာသူလေး ခြိမ့်ကေကိုဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးမှု များစွာရရှိနေသူပါ။ သူက ခုဆိုရင် အနုပညာလောကထဲဝင်ရောက်လာပြီး သီချင်းတွေအပြင် ဇာတ်လမ်းတိုတွေကိုပါ ရိုက်ကူးထားပြီပဲ ဖြစ်ပါတယ်။ ခြိမ့်ကေကို က ကိုယ်ပိုင်သီချင်းလေးတွေဖန်တီပြီး သူတတ်သမျှပညာလေးနဲ့ ပရိသတ်တွေကို ချပြတတ်သူလေးပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်သီချင်းတွေ ဖန်တီးရင်း ပရိသတ်တွေကို ချပြပေးမြဲဖြစ်တဲ့ခြိမ့်ကေကိုကတော့ "မမ" သီချင်းနဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ "မမ" သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့ရတဲ့ သူကတော့ လတ်တလောမှာလည်း "မမ" သီချင်းလို အရမ်းကောင်းပြီး အရမ်းဆွေးရမယ့် "ညီမလေး" သီချင်းနဲ့ ထပ်မံမိတ်ဆက်ပေးခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

အရမ်းကောင်းတဲ့ "ညီမလေး" သီချင်းသစ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ခြိမ့်ကေကိုကတော့ " ကျွန်တော်bananaခြိမ့်ကေကိုရဲ့ ညီမလေးသီချင်းလေး offical mtvလေးလာပါပြီ ကျွန်တော်banana ကိုအားပေးကြသောချစ်သောပရိတ်သတ်ကြီးကိုအထူးကျေးဇူးတင်ပါသည် mtvလေးဖြစ်မြောက်ဖို့ဝိုင်းဝန်းကူညီပေးကြသောအနုပညာမောင်နှမအားလုံးကိုကျွန်တော်bananaခြိမ့်ကေကိုမှအထူးပင်ကျေးဇူးတင်ရှိပါသည် "

" ရိုက်ကူးရေးအတွက် မငြီးမညူအပင်ပန်းခံရိုက်ကူးပေးပါသောဒါရိုက်တာ ကိုswan paingနှင့်အဖွဲ့သားများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည် ကျွန်တော်တို့အပင်ပန်းခံပြီကြိုးစားထားသော ညီမလေးmtvလေးကို ချစ်သောပရိတ်သတ်များlike@shareဖြင့် ဝန်းရံပေးကြပါအုံးနော် 😍😍😍😘😘😘 " ဆိုပြီး သူရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ခြိမ့်ကေကိုရဲ့ "ညီမလေး" သီချင်း video

သီချင်းဆိုကောင်းသလို သရုပ်ဆောင်ပါ အရမ်းကောင်းလွန်းတဲ့ အရမ်းဆွေးရမယ့် ခြိမ့်ကေကိုရဲ့ "ညီမလေး" သီချင်း MV ကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကျေနပ်မိမယ်လို့ ထင်ပါတယ်။ "မမ" သီချင်းလို အရမ်းကောင်းလွန်းတဲ့ "ညီမလေး" အဆွေးသီချင်းလေးကို နားထောင်ရင်း သဘောကျမိတယ်ဆိုရင် မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Kay Kay
Ref: Chaink K Ko's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။