ရီးရဲပရိသတ် (၅)သန်းကျော်မဲပေးခဲ့ကြတဲ့ အရောင်းသင့်ဆုံးကစားသမား

Posted on - May 23 []

Gunner Ksr

စာရေးသူ

ရီးရဲအသင်းဟာ လာမယ့်အပြောင်းအရွှေ့ရာသီမှာ အောင်မြင်မှုတွေပြန်ရဖို့အတွက် အသင်းကို အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်သွားမှာပါ။ ဒါကြောင့် ရီးရဲအသင်းဟာ ဈေးကွက်မှာ အရောင်းကြမ်း၊ အ၀ယ်ကြမ်းဖို့ ရှိနေပါတယ်။ ဒီအတွက် စပိန်ထိပ်တန်းမီဒီယာ Marca က ရီးရဲအသင်းကနေ ထွက်ခွာနိုင်ချေရှိတဲ့ ကစးသမား (၁၄) ယောက်ကို ဖော်ပြခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာ ဂိုးသမားနာဗက်စ်၊ စီဘယ်လော့စ်၊ ကိုဗာဆစ်၊ ဂျိမ်းရိုဒ ရီဂွတ်ဇ်၊ ဂါရတ်ဘေးလ်၊ စတဲ့ထိပ်တန်းကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ထ

အဲဒီစာရင်းကို AS က Poll ပြုလုပ်ကာ ဘယ်ကစားသမားဆက်နေစေချင်သလဲ၊ ဘယ်ကစားသမားကို ထွက်ခွာစေချင်သလဲဆိုပြီး ဆန္ဒမဲကောက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ရီးရဲပရိသတ် (၅) သန်းကျော်က သူတို့ရဲ့ဆန္ဒ တွေနဲ့ ၀င်ရောက်မဲပေးခဲ့ကြတာပါ။

နောက်ဆုံး ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတွေအရ ရီးရဲပရိသတ်တွေ ထွက်ခွာစေချင်ဆုံး ကစားသမားကတော့ နာမည်ကြီးနေတဲ့ ဘေးလ်ပါ။ လက်ရှိရီးရဲပရိသတ်တွေဟာ ဘေးလ်ရဲ့အပြုအမှု၊ အပြောအဆိုတွေအတွက တော် တော်လေး စိတ်ပျက်လျက်ရှိနေကြပါတယ်။

ဘေးလ်အနေဲ့လည်း ရီးရဲကနေ ထွက်ခွာဖို့ပြင်ဆင်ထားပြီဖြစ်ပြီး နည်းပြဇီဒန်းကိုယ်တိုင်ကလည်း သူ့ကိုစိတ်ပျက်လျက်ရှိနေပါတယ်။ လိုင်ယွန်ကနေ အားကိုးတကြီးပြန်ခေါ်ထားပြီး စီရော်နယ်ဒိုရဲ့ ကျောနံပါတ် (၇) ကို ပေး ၀တ်ထားတဲ့ ဒိုင်ယက်ဇ်ကိုလည်း ပရိသတ်တွေက ထွက်ခွာစေချုင်နေကြပါတယ်။

နည်းပြဇီဒန်းနဲ့သား လူကာဇီဒန်း၊ စီဘယ်လော့တို့ကိုလည်း ရီးရဲပရိသတ်တွေက ထွက်ခွာစေချင်နေတယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင်ရာမို့စ်၊ နောက်ခံလူကာဗာဂျယ်တို့ကိုတော့ ရီးရဲပရိသတ်တွေက ချစ်ခင်ကြပြီး အသင်းမှာဆက်နေဖို့ လိုလားလျက်ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲပရိသတ် (၅)သန်းကျော် ဆန္ဒပြုခဲ့ကြတဲ့ အရောင်းထုတ်သင့်ဆုံးနဲ့ ဆက်နေစေချင်ဆုံး ကစားသမားစာရင်း

Ref Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။