Bissaka အတွက် ပဲလေ့စ်တောင်းတဲ့ပြောင်းရွှေ့ကြေးကို မန်ယူပေးချေရန်ဆန္ဒမရှိ

Posted on - May 23 []

Gunner Ksr

စာရေးသူ

ဆိုးရွားကြမ်းလှမ်းလှတဲ့ ရာသီတစ်ခုကို ထပ်မံဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ မန်ယူအသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှု ကြီးကြီးမားမား ရရှိဖို့ မျှော်မှန်းလျက်ရှိနေပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ အပြောင်း အရွှေ့ဈေးကွက်မှာ ပြင်ဆင်မှုကြီးကြီးမားမား ပြုလုပ်သွားဖို့ ရှိနေပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကို နေရာစုံ အင်အားဖြည့်တင်းနိုင်ဖို့အတွက် ထိပ်တန်းကစားသမား အများအပြားကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။

အသက် ၂၁ နှစ်အရွယ်ပဲလေ့စ်ညာအစွန်နောက်ခံလူ Bissaka ကလည်း မန်ယူရဲ့ပစ်မှတ်တွေထဲတစ်ယောက်ဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့နောက်တန်းကို အဓိကပြင်ဆင်ဖို့ စီစဉ်လျက်ရှိနေပြီး Bissaka ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။

ဒါပေမယ့် ပဲလေ့စ်အသင်းဟာ Bissaka အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ အထိ သတ်မှတ်ထားလျက်ရှိပါတယ်။ ဒါပေမယ့် မန်ယူဟာ Bissaka ကိုစိတ်ဝင်စားတာမှန်ပေမယ့် ပဲလေ့စ်တောင်းတဲ့ ပြောင်းရွှေ့ ကြေးကို ပေးချေဖို့ ဆန္ဒမရှိဖြစ်နေပါတယ်။

မန်ယူဟာ Bissaka အတွက် အများဆုံးပေါင် ၂၅ သန်းလောက်ပဲ အသုံးပြုသွားဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိအချိန်မှာတော့Bissaka ကို ခေါ်ယူဖို့ မန်ယူအပြင် စပါးအသင်းကလည်း ကြိုးပမ်းလျက်ရှိနေပါတယ်။ ဒါ့အပြင် မန်ယူဟာ အေဂျက်ဇ်နောက်ခံလူ၊ ဒီလိုက်ခ်ျ၊ နာပိုလီနောက်ခံလူကူလီဘာယီတို့ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။

Ref Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။