ဖူးခက်​မှာ ချစ်​သူနဲ့ သာသာယာယာ အနားယူ​နေတဲ့ သင်​ဇာဝင့်​​ကျော်

Posted on - Jun 6 []

Myint Myat

စာရေးသူ

မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ လှပတဲ့ရုပ်​ရည်​နဲ့ ချစ်​စရာ​ကောင်းတဲ့ စိတ်​ထားကို ပိုင်​ဆိုင်​ထားသူ​လေးပါ။ ချစ်​စရာ​ကောင်းတဲ့ သင်​ဇာ​လေးက​တော့ သူမကို ​ပျော်​ရွှင်​​အောင်​ထားတဲ့ ချစ်​သူကိုလည်း ပိုင်​ဆိုင်​ထားတာပဲ ဖြစ်​ပါတယ်​။ သင်​ဇာဝင့်​​ကျော်​က​တော့ လတ်​တ​လောမှာ သူမရဲ့ချစ်​သူ​လေးနဲ့ ထိုင်းနိုင်​ငံရဲ့ နာမည်​ကြီး အပန်း​ဖြေ​နေရာတစ်​ခုဖြစ်​တဲ့ ဖူးခက်​သို့ ​ရောက်​ရှိ​နေတာပဲ ဖြစ်​ပါတယ်​။ သင်​ဇာက​တော့ သူမရဲ့ ချစ်​သူနဲ့ အတူရှိ​နေတာ​ကြောင့်​ အရမ်းကို ​ပျော်​ရွှင်​​နေတာပါ။ သင်​ဇာရဲ့ ချစ်​သူ​ကောင်​​လေးက​တော့ မကြာ​သေးခင်​ကမှလည်း မြန်​မာနိုင်​ငံသို့ အလည်​အပတ်​လာသွားပါ​သေးတယ်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက် ချစ်​သူနဲ့ ဖူးခက်​မှာ သာသာယာယာ အနားယူ​နေတဲ့ သင်​ဇာဝင့်​​ကျော်ရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

Gym ကစားရတာကိုလည်း ဝါသနာပါတဲ့ ချစ်​သူနှစ်​ဦးက​တော့ နှစ်​​ယောက်​အတူတူ Gym ကစားပြီး Ro ​နေကြပါ​သေးတယ်​။ ချစ်​ဖို့​ကောင်းချက်​...

ချစ်​သူကို အနမ်း​ခြွေ​နေတဲ့ မတ်​မတ်​သင်​ဇာ...

သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်​ဇာ​လေးက​တော့ မကြာခဏဆိုသလို ပြည်​တွင်း၊ ပြည်​ပခရီး​တွေ ထွက်​​လေ့ရှိပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ဖူးခက်​မှာ အပန်း​ဖြေ​နေကြတဲ့ သင်ဇာတို့ ချစ်​သူနှစ်ဦးကို သ​ဘောကျရင် ​​​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Thinzar Wint Kyaw's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။