နေမာနဲ့ ဟိုတယ်အတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ဘရာဇီးမော်ဒယ် တိတိကျကျ ထုတ်ပြောပြီ

Posted on - Jun 7 []

Gunner Ksr

စာရေးသူ

အဓ္ဓမကျင့်ကြံရရတယ်လို့ စွပ်စွဲခံနေရတဲ့ နေမာရဲ့အမှုကိစ္စဟာ တစ်စတစ်စ ကြီးထွားလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘရာဇီးမော်ဒယ် နာဂျာလာက ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးနေမာဟာ သူ့ကိုဟိုတယ်အတွင်း မုဒိမ်းကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆော်ပေါ်လို ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလိုသတင်းတွေထွက်လာပြီးနောက်ပိုင်းမှာ နေမာဟာ (၇) မိနစ်စာ ဗီဒီယိုဖိုင်နဲ့အတူ မမှန်ကန်ကြောင်း ငြင်းဆန်ခဲ့ပြီး သူနဲ့ နာဂျာလာတို့ အပြန်အလှန်ပေးပို့ထားတဲ့မက်ဆေ့ခ်ျတွေကိုလည်း ချပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း နေမာနဲ့ နာဂျာလာတို့နှစ်ယောက် ဒုတိယရက်မှာ ဟိုတယ်အခန်းထဲမှာ အတူရှိနေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အခုအခါမှာတော့ နာဂျာလာဟာ နေမာနဲ့ သူတို့ ပထမရက်က ဟိုတယ်အခန်းတွင်းမှာ ဖြစ်ပျက်ခဲ့တာ တွေကို လူသိရှင်ကြားထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

နေမာဟာ သူ့ကို အဆက်မပြတ်ရိုက်နှက်နေပြီး နာကျင်အောင်လုပ်ခဲ့တယ်လို့ နာဂျာလာက ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ "ကျွန်မတို့ စစချင်းတွေ့ဆုံတော့ အရာအားလုံးက အဆင်ပြေပါတယ်။ အေးဆေးပါတယ်။

ဒါပေမယ့် ဟိုတယ်ကို စရောက်တဲ့အချိန်မှာတော့ သူက စိတ်ရိုင်းတွေဝင်လာတယ်။ အရင်ကနဲ့ မတူတော့ဘဲ လုံးဝခြားနားတဲ့သူတစ်ယောက်ဖြစ်သွားတယ်။ ကျွန်မကိုစပြီး ရိုက်နှက်လာတယ်။ အဲဒီအထိ အဆင်ပြေနေပါ သေးတယ်။

သူကထပ်ကာထပ်ကာ ထပ်ရိုက်တဲ့အခါမှာတော့ ကျွန်မနာကျင်လာတယ်။ ကျွန်မသူ့ကို တော်ပြီ။ ရပ်လိုက်လို့ပြောပေမယ့် သူကမရပ်ခဲ့ဘူး။ နောက်ဆုံးမှာတော့ သူက ကျွန်မကို အဓ္ဓမကျင့်ဖို့ ကြိုးပမ်းတော့တာပဲ။ ဒီအရာ တွေအားလုံးက အချိန်ခဏလေးအတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့တာပါ"လို့ နာဂျာလာက ဖွင့်ဟသွားခဲ့တာပါ။

Ref All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။