ချစ်သူသက်တမ်း လေးနှစ်ကြာပြီးနောက် Bradley Cooper နဲ့ Irina Shayk တို့ တရားဝင်ပြတ်စဲ

Posted on - Jun 7 []

Htoo Yan Ag

စာရေးသူ

ဟောလိဝုဒ်မင်းသားကြီး Bradley Cooper နဲ့ Irina Shayk တို့ရဲ့ လေးနှစ်တာ အချစ်ခရီးလမ်းကြီးဟာတော့ တရားဝင်ပြတ်စဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် အော်စကာ ဆုပေးပွဲမှာ Lady Gaga နဲ့အတူ တွဲဖက်ဖျော်ဖြေပြီး သုံးလအကြာမှာပဲ အခုလိုမျိုး ပြတ်စဲခဲ့တာပါ။

နာမည်ကြီး စူပါမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Irina Shayk ဟာ သူ့ရဲ့ ချစ်သူ Bradley Cooper ကို Lady Gaga နဲ့ သဝန်တိုခဲ့တာ ဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ Bradley Cooper ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က A Star Is Born ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင်ထုတ်လုပ် ဖန်တီးရိုက်ကူးခဲ့ပြီး နာမည်ကျော် Pop အဆိုတော် Lady Gaga နဲ့ အတူ အဓိက ဇာတ်ဆောင်များအဖြစ် ပါဝင်ရိုက်ကူးခဲ့ကြပါတယ်။

အဆိုပါ ဇာတ်ကားဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၉ Oscar ဆုပေးပွဲမှာလည်း ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ကာ မင်းသမီးအဖြစ် သရုပ်ဆောင်ထားတဲ့ Lady Gaga လည်း Oscarဆု ရရှိခဲ့ပါတယ်။ အဆိုပါ Oscar ဆုပေးပွဲမှာတော့ Bradley Cooper နဲ့ Lady Gaga တို့ဟာ Live performance ဖျော်ဖြေခဲ့ပြီးနောက် ပရိသတ်များက သူတို့၂ဦးကို လိုက်ဖက်ညီတဲ့ စုံတွဲအဖြစ် သမုတ်ခဲ့ကြပြီး ထိုစဉ်ကတည်းက Irina Shayk ဟာ သူ့ရဲ့ချစ်သူအပေါ် သဝန်တိုနေခဲ့တာ ဖြစ်ပါတယ်။

Oscar ဆုပေးပွဲမတိုင်မီ တစ်ပတ်မလိုခင်ကတည်းက သတို့သားလောင်း Christian Carinoနဲ့ ပြတ်စဲထားခဲ့တဲ့ Lady Gaga ကြောင့်လည်း Irina Shaykဟာ သူ့ရဲ့ ချစ်သူ ကို စိတ်မချနိုင် ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် A star is born ဇာတ်ကားထဲမှာ ပါဝင်တဲ့ Bradley Cooper နဲ့ Lady Gaga တို့ အနမ်းခြွေနေပုံတွေကိုလည်း Lady Gaga က သူမရဲ့ Instagram မှာ တင်ခဲ့တာကြောင့် Irina Shayk ဟာ သည်းမခံနိုင် ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

Bradley Cooper နဲ့ Irina Shayk တို့ စတင်တွဲခုတ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက Irina Shayk ရဲ့ ရည်းစားဟောင်း ကမ္ဘာကျော်ဘောလုံးသမား ခရစ်စတီယာနို ရော်နယ်လ်ဒိုနဲ့ ပတ်သတ်ပြီး Bradley Cooperတို့အကြား အသေးစား ရန်ပွဲလေးတွေ မကြာခဏ ဖြစ်ပွားနေခဲ့ရတာပါ။ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေး ပြီးဆုံးသွားချိန်မှာတော့ Irina Shayk ဟာ LA မှာရှိတဲ့ ပေါင် (၃.၆)သန်းတန် စံအိမ်ကြီးကနေ ၂နှစ်အရွယ် သမီးလေး Lea De Seine Shayk Cooper ကို ထားခဲ့ကာ ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

REF : mirror
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။