Fantastic Four စူပါဟီးရိုး ရုပ်ရှင်ကို Marvel Studios မှ ၂၀၂၂ ခုနှစ်အမီ ပြန်လည်အသက်သွင်းမည်

Posted on - Jun 7 []

Htoo Yan Ag

စာရေးသူ

တစ်ချိန်က စူပါဟီးရိုး ပရိသတ်တွေအကြား အထူးအောင်မြင်ခဲ့တဲ့ Fantastic Four ရုပ်ရှင်ကိုတော့ လာမယ့် ၂၀၂၂ခုနှစ်မှာတော့ Marvel ရုပ်ရှင်ထုတ်လုပ်ရေးက ပြန်လည်ထုတ်လုပ် ရိုက်ကူးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ၄င်း Fantastic Four ရုပ်ရှင်ကိုတော့ Avengers ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Ant-Man ဇာတ်ကား ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Peyton Reed ကိုယ်တိုင် ပြန်လည် အသက်သွင်းမှာလည်း ဖြစ်ပါတယ်။

နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Disney က FOX studios ကို ပိုင်ဆိုင်ပြီးနောက်မှာတော့ Marvel Studios ဟာ Fantastic Four နဲ့ X-Men ဇာတ်ကောင်များကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားခဲ့ကာ လတ်တလောမှာလည်း ပရိသတ်တွေကြား ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ X-Men ဇာတ်ကောင် Dark Phoenix ရုပ်ရှင်ကို ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

Geeks WorldWide ရဲ့ ဖော်ပြချက်အရတော့ Marvel Studios ဟာ Fantastic Four ရုပ်ရှင်ဇာတ်လမ်းသစ်ဟာ လာမယ့် ၂၀၂၂ ခုနှစ်အမီ ထွက်ရှိလာမှာဖြစ်တယ်လို့ အခိုင်အမာ သိရပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူ Kevin Feige နဲ့တွဲဖက်ပြီး Ant-man ရုပ်ရှင်မှာ ဒါရိုက်တာ အဖြစ်ပါဝင်ခဲ့တဲ့ Peyton Reed က အဆိုပါ Fantastic Four ဇာတ်ကားကို ရိုက်ကူးသွားမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Fantastic Four ရုပ်ရှင်ဇာတ်ကားသစ်မှာတော့ ယခင် Fantastic Fourရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ The Rise of the Silver Surfer မှာပါဝင်ခဲ့တဲ့ Iaon Gruffud, Jessica Alba, Michael Chikilis နဲ့ Captain America မင်းသား Chris Evans တို့ကိုပဲ ပြန်လည်အသုံးပြုသွားမယ်လို့လည်း ကောလဟာလတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Marvel comics ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Fantastic Four ရုပ်ရှင်ဟာ ၂၀၀၅ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး သူ့ရဲ့အဆက်ဖြစ်တဲ့ Fantastic Four (Rise of the Silver Surfer) ရုပ်ရှင်ဟာ ၂၀၀၇ခုနှစ်မှာ ဆက်လက် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယခုနောက်ဆုံးပေါ် နည်းပညာတွေ အသုံးပြုပြီး ရိုက်ကူးထားမယ့် Fantastic Four ရုပ်ရှင်ဇာတ်ကားသစ်က ဘယ်လိုပုံစံမျိုးနဲ့ ပွဲထွက်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်မျှော်သွားရမှာပါ...။

REF : mirror
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။