စင်​​ပေါ်မှာ မထက်​ကို အရှက်​ပို​အောင်​လုပ်​ခဲ့တဲ့ Project K အဖွဲ့သား​တွေရဲ့ဗီဒီယို

Posted on - Jun 8 []

Myint Myat

စာရေးသူ

အနုပညာရှင်​နဲ့ မိတ်​ကပ်​ပညာရှင်​ဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ရပ်​တည်​​နေကြရတာမို့ များ​သောအားဖြင့်​ သူတို့​တွေကို ရင်းရင်းနှီးနှီး​တွေ့ရ​လေ့ရှိပါတယ်​။ မိတ်​ကပ်​ပညာရှင်​ မထက်​ကို​တော့ ချစ်​ဖို့​ကောင်းတဲ့ စိတ်​ဓာတ်​​လေး​ကြောင့်​ အရမ်းကို ခင်​မင်​ရင်းနှီးကြတဲ့ အနုပညာရှင်​​တွေ မနည်းပါဘူး။ လတ်​တ​လောမှာ​တော့ လူငယ်​ကြိုက်​ အဆို​တော်​အဖွဲ့​လေးဖြစ်​တဲ့ Project K အဖွဲ့က ပွဲတစ်​ခုမှာ ​ဖျော်​​ဖြေရင်း မထက်​ကို စင်​​ပေါ်​ခေါ်ပြီး Performance လုပ်​လိုက်​တာ​ကြောင့်​ မထက်​တစ်​​ယောက်​ အရှက်​ပိုခဲ့ရတာပါ။ Project K ရဲ့အမာခံပရိသတ်​​တွေက​တော့ မထက်​ကို အားကျ​နေကြတာလည်း ​တွေ့ရပါတယ်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက် စင်​​ပေါ်မှာ မထက်​ကို အရှက်​ပို​အောင်​လုပ်​ခဲ့တဲ့ Project K အဖွဲ့သား​တွေရဲ့ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

မထက်​​က​တော့ "​အဲ့ညက.... 😁😜😝😂♥️" ဆိုပြီး Project K အဖွဲ့နဲ့ ဆုံခဲ့တဲ့ အမှတ်​တရ​လေး​တွေကို လူမှုကွန်​ယက်​မှာ တင်​ခဲ့တာပါ။

စင်​​ပေါ်မှာ မထက်​ကို အရှက်​ပို​အောင်​လုပ်​ခဲ့တဲ့ Project K အဖွဲ့သား​တွေရဲ့ဗီဒီယို

မထက်​က​တော့ လတ်​တ​လောမှာ သူမချစ်​ရတဲ့ မိတ်​ကပ်​ပညာနဲ့ပတ်​သတ်​တဲ့ အလုပ်​​တွေဆက်​တိုက်​လုပ်​ဖြစ်​​နေတာဖြစ်​ပြီး ​ကြော်​ငြာ​တွေ၊ MTV ​တွေထဲမှာလည်း သရုပ်​​ဆောင်​​နေရသူတစ်​ဦးပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း Project K အဖွဲ့သား​တွေ​ကြောင့်​ ရှက်​​သွေးဖြာခဲ့ရတဲ့ ချစ်​စရာ​ကောင်းလွန်းသူ​လေး မထက်​ကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source: Ma Htet's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။