ကွင်းထဲဖြတ်ပြေးနိုင်ဖို့ နောက်ကွယ်က ပြင်ဆင်ပုံဗီဒီယိုဖိုင်ကို ချပြလိုက်ပြီဖြစ်တဲ့ ၀ိုလန်စကီး

Posted on - Jun 8 []

Gunner Ksr

စာရေးသူ

အမေရိကန်မော်ဒယ်ဝိုလန်စကီးဟာ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကွင်းထဲဖြတ်ပြေဲး့တဲ့ နောက်ကွယ်က ပြင်ဆင်ပုံအသေးစိတ်ကို ချပြသွားခဲ့ပြီဖြစ်ပါတယ်။ ၀ိုလန်စကီးဟာ သူမရဲ့ချစ်သူနဲ့အတူ ပြန်လည်ရှင်းပြထားတဲ့ အဲဒီဗီဒီယိုဖိုင်ကို Youtbue မှာ တင်ခဲ့တာပဲဖြစ်ပါတယ်။ ၀ိုလန်စကီးတို့အနေနဲ့ အဲဒီလို ကွင်းထဲကို စက္ကန့်ပိုင်းလောက် ဖြတ်ပြေးနိုင်ဖို့အတွက် အချိန်ပေါင်းများစွာပေးပြီး ပြင်ဆင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ ပထမဦးစွာပထမ ၀ိုလန်စကီးနဲ့ချစ်သူဟာ သူ့ကိုလူတွေမှတ်မိလောက်အောင် မိတ်ကပ်တွေနဲ့ ပြင်ဆင်ကာ ရုပ်ဖျက်နေခဲ့ပါတယ်။ အဲဒီနောက် သူဟာ ကွင်းထဲကို အလွယ်တကူဝင်ရောက်လို့ရမယ့် လက်မှတ်နေရာမျိုးကိုရယူခဲ့ပါတယ်။

ဝိုလန်စကီးဟာ သူဝတ်မယ့်အ၀တ်အစားအတွက်လည်း သေချာပြင်ဆင်ခဲ့ပါတယ်။ ညို့အားပြင်းတဲ့ အ၀တ်အစားရဲ့အပေါ်မှာ အမဲရောင်ဝတ်စုံကိုထပ်မံဝတ်ဆင်ခဲ့ပြီး ကွင်းထဲဝင်လာမှာလွယ်ကူချောမွေ့စေဖို့အတွက် လည်း သေချာလေ့ကျင့်ခဲ့ရတာပါ။

ဝိုလန်စကီးရဲ့ချစ်သူဟာ ပွဲကြည်စင်တစ်နေရာကနေ စောင့်ကြည့်နေပြီး ၀ိုလန်စကီးဝင်ရောက်မယ့်အချိန်ကိုစောင့်နေကာ ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။ ပွဲချိန် ၂၁ မိနစ်မှာတော့ ၀ိုလန်စကီးဟ သေချာပြင်ဆင်ထားတဲ့အတိုင်း အပေါ်ဝတ်စုံကိုချွတ်လိုက်ကာ ကွင်းထဲကို ဖြတ်ပြေးခဲ့တာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှု၊ ရသပေးစွမ်းနိုင်ခဲ့ခြင်းမရှိတဲ့ ချန်ပီယံဗိုလ်လုပွဲမှာဝိုလန်စကီးရဲ့လုပ်ရပ်က အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်အတွက် ၀ိုလန်စကီးဟာ ပေါင် ၃ သန်းလက်ခံရရှိခဲ့ပြီး သူကြော်ငြာခဲ့တဲ့ Vital ဟာလည်း ပရိသတ် ၃၂ သန်းအထိတိုးပွားလာကြောင်း သိရပါတယ်။

နောက်ကွယ်က ပြင်ဆင်ပုံအဆင့်ဆင့်

Ref The Sun

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။