မှားယွင်းပြီး သရုပ်ဆောင်ခဲ့မိပေမယ့် ဇာတ်ကားကို ပိုပြီးအသက်ဝင်စေခဲ့တဲ့ ဇာတ်ဝင်ခန်းများ

Posted on - Jun 8 []

Htoo Yan Ag

စာရေးသူ

ဘယ်ကိစ္စမဆို တစ်ခါတစ်ရံမှာ တစ်လွဲတစ်ချော်လေးတွေ လုပ်မိလိုက်ပေမဲ့ ပိုပြီးကောင်းမွန်တဲ့ရလဒ်တစ်ခုကို ပိုင်ဆိုင်လိုက်ရတဲ့ အခိုက်အတန့် လေးတွေ ရှိတတ်ပါတယ်။ ပရိသတ်တွေ တစ်ခဲနက်အားပေးကြည့်ရှုကြတဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ထိုနည်းလည်းကောင်းပါပဲ၊ ဇာတ်ညွန်းထဲမှာမပါဝင်ပဲ သရုပ်ဆောင်တွေကိုယ်တိုင် လိုတိုးပိုလျှော့လုပ်ပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတွေများစွာရှိနေတာကို တွေ့ ရပါတယ်။ လွဲမှားပြီးသရုပ်ဆောင်ထားပေမဲ့လည်း အရွှန်းဖောက်ထားတဲ့ သရုပ်ဆောင်ကွက်လေးတွေကြောင့် ပရိသတ်တွေတော်တော်များများ အကြိုက်တွေ့ ခဲ့ကြတဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းအလွဲလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Midnight Cowboy

Midnight Cowboy ရုပ်ရှင်ထဲမှာ မင်းသား Dustin Hoffman တစ်ယောက် Taxi အတိုက်ခံရမလိုဖြစ်ခဲ့တာကြောင့် Taxi Driver ကို အော်ဟစ်ဆဲဆိုခဲ့တဲ့ ဇာတ်ဝင်ခန်းကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ အဆိုပါဇာတ်ဝင်ခန်းကလည်း ဇာတ်ညွှန်းထဲမှာမပါဝင်ပဲ တစ်ကယ်ကားအတိုက်ခံမလိုဖြစ်တာကြောင့် လန့် ပြီးဆဲလိုက်တာဖြစ်ပေမဲ့ သဘာဝကျလွန်းတာကြောင့် ဒါရိုက်တာက ထည့်သွင်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Guardians of the Galaxy

Guardians of the Galaxy ရုပ်ရှင်ထဲမှာ Starlord တစ်ယောက် Infinity Stone ပါတဲ့ Sphere ကို လွတ်ကျသွားတဲ့ဇာတ်ဝင်ခန်းကလည်း ဇာတ်ညွှန်းထဲမှာမပါဝင်ပဲ အမှားဖြစ်သွားခဲ့ပေမဲ့ ဒါရိုက်တာကသဘောကျခဲ့တာကြောင့် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ရုံတင်ပြသတဲ့အခါမှာလည်း ပရိသတ်တွေက Chris Pratt ရဲ့ အလွဲလွဲအချော်ချော်ဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေကို အထူးနှစ်သက်ခဲ့ကြတာ တွေ့ ရပါတယ်။

Django Unchained

Django Unchained ရုပ်ရှင်ထဲမှာ မင်းသားကြီး Leonardo DiCaprio တစ်ယောက် လက်ကိုထိခိုက်မိပြီး သွေးတွေထွက်နေပေမဲ့ ပုံစံကအသက်ဝင်လွန်းတာကြောင့် ဒါရိုက်တာက အနားမပေးပဲ တစ်ခါတည်းရိုက်ကူးခဲ့ပါတယ်။ Leonardo ကိုယ်တိုင်ကလည်း အနာခံပြီး ဆက်လက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Captain America

Captain America ထဲမှာ မင်းသမီးချော Hayley Atwell တစ်ယောက် Captain ရဲ့ ရင်အုံကို ကိုင်လိုက်တဲ့ဇာတ်ဝင်ခန်းကလည်း ဇာတ်ညွှန်းထဲမှာမပါဝင်ပါဘူး။ Captain အဖြစ်သရုပ်ဆောင်တဲ့ မင်းသား Chris Evans ရဲ့ ကြွက်သားတွေလှလွန်းလို့ မနေနိုင်ပဲ ခဏကိုင်မိသွားတာဆိုပြီး Hayley ကိုယ်တိုင်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Avengers

MCU ရဲ့ ထိတ်ထိတ်ကြဲ Avengers ရုပ်ရှင်ထဲမှာလည်း Iron Man အဖြစ်သရုပ်ဆောင်ထားတဲ့ Robert Downey Jr. ရဲ့ ဇာတ်ဝင်ခန်းတွေတော်တော်များများဟာ ဇာတ်ညွှန်းထဲကအတိုင်း တစ်ပုံစံတည်းမဟုတ်ပဲ သူ့ ရဲ့ သွားလာပြောဆိုနေတဲ့ပုံစံတွေကို ကိုယ်ပိုင်အမူအရာတွေနဲ့ ပိုပြီးသဘာဝကျကျဖြစ်အောင် ရိုက်ကူးခဲ့တာကြောင့်လည်း ပရိသတ်တွေက Robert ကို အထူးသဘောကျခဲ့ကြတာဖြစ်ပါတယ်။ Captain နဲ့ စကားပြောရင်း Berry မုန့် ထုပ်စားနေတဲ့ဇာတ်ဝင်ခန်းကလည်း အပိုထည့်သွင်းသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Ref : BrightSide
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။