တစ်ယောက်တည်းရှိနေချိန်မှာ လုံးဝမကြည့်သင့်တဲ့ ကျောချမ်းစရာအကောင်းဆုံး Horror ဇာတ်ကားများ

Posted on - Jun 9 []

Htoo Yan Ag

စာရေးသူ

Hollywood ရုပ်ရှင်ဇာတ်ကားတွေဟာ တစ်ကမ္ဘာလုံးက ရုပ်ရှင်ချစ်ပရိသတ်တွေအားပေးမှုရရှိတဲ့အတိုင်းအတာနဲ့ အညီ တစ်နှစ်ထက်တစ်နှစ် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဆက်လက်ထုတ်လုပ်ရိုက်ကူးနေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း Quality ပြည့်ဝတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြည့်လျှံပြည့်အားပေးတတ်ကြတာကြောင့် Box Office တွေမှာ နေရာကောင်းကိုရရှိပြီး ကမ္ဘာ့ အနှံ့ ရုံတင်ဝင်ငွေတွေကိုလည်း သိမ်းကြုံးယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေ အားပေးမှုအများဆုံးရုပ်ရှင်ဇာတ်ကားတွေထဲမှာ Horror ဇာတ်ကားတွေလည်းအပါအ၀င်ဖြစ်ပြီး ကြောက်လန့် ရတဲ့ခံစားမှုကိုမှ ကြည့်ချင်ကြတဲ့ ပရိသတ်တွေပိုမိုများပြားတာကြောင့် ထိတ်လန့် သည်းဖိုဇာတ်ကားတွေဟာ ပိုပြီးအောင်မြင်လေ့ရှိတာဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မကြောက်တတ်ဘူးဆိုတဲ့ Horror ကား ပရိသတ်တွေတောင် အိပ်မက်ဆိုးတွေမက်သွားစေလောက်တဲ့အထိ ကြောက်စရာကောင်းတဲ့ Horror ဇာတ်ကားတစ်ချို့ ပဲဖြစ်ပါတယ်။

American Horror Story

အကြမ်းဆုံး Horror Series တစ်ခုဖြစ်တဲ့ American Horror Story ကတော့ လက်ရှိမှာလည်း ထုတ်လွှင့်ပြသနေဆဲဖြစ်ပြီး ကျောချမ်းစရာကောင်းလွန်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပြည့်နှက်နေတာကြောင့် Horror ချစ်သူပရိသတ်တိုင်းကို အိပ်မက်ဆိုးတွေမက်စေမှာ အမှန်ပါ။

The Haunting of Hill House

The Haunting of Hill House Series ကတော့ Jump-Scared တွေသုံးမထားပဲ တွေးရင်းတွေးရင်းနဲ့ ကျောချမ်းစရာကောင်းလာအောင် ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ Season 1 ထွက်ရှိထားပြီး Season 2 ကတော့ 2020 ခုနှစ်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

The Ritual

The Ritual ဇာတ်ကားကတော့ သရဲကားမဟုတ်ပေမယ့် ဘာသာအစွဲတွေ၊ ကိုးကွယ်ယုံကြည်မှုတွေပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာတဲ့ မကောင်းဆိုးရွားတွေအကြောင်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

Bird Box

ပြီးခဲ့တဲ့တစ်လောကပဲ မြန်မာပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ Bird Box ဇာတ်ကားဟာလည်း သရဲကားတစ်ကားမဟုတ်ပေမယ့် ထူးခြားတဲ့ဇာတ်ညွှန်းမျိုးနဲ့ ရိုက်ကူးထားပြီး ရင်တမမနဲ့ ကြည့်နေရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Bird Box ဇာတ်ကားထွက်ရှိပြီးနောက် Bird Box Challenge ဟာလည်း နိုင်ငံတကာပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။

Ash vs Evil Dead

သင်ဟာ Evil Dead fan တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ Ash vs Evil Dead Series ကိုလည်း မလွတ်တမ်း အားပေးမှာအမှန်ပါ။ Ash vs Evil Dead ဇာတ်လမ်းတွဲဟာ Evil Dead ရုပ်ရှင်ကို Series အဖြစ်ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Evil Dead မင်းသားကြီး Bruce Campbell ကိုယ်တိုင် ပြန်လည်ပါဝင်ထားတာဖြစ်ပါတယ်။ သွေးသံရဲရဲနဲ့ ထိတ်လန့် ရတာမျိုးကိုမှကြိုက်တဲ့ ပရိသတ်တွေအတွက်ကတော့ Ash vs Evil Dead Series ကို လက်မလွှတ်သင့်ပါဘူး။

Hush

Hush ဇာတ်ကားဟာ စိတ္တဇလူသတ်သမားဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ဇာတ်ဆောင်မင်းသမီးဟာ ဆွံ့ အ/နားမကြားတစ်ယောက်ဖြစ်တဲ့အပြင် လူသတ်သမားနဲ့ နှစ်ယောက်ထိပ်တိုက်ရင်ဆိုင်ရတဲ့အခြေအနေကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာဖြစ်တာကြောင့် Horror ပရိသတ်တွေ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Penny Dreadful

Penny Dreadful Series ဟာ Season 3 ထွက်ရှိအပြီးမှာ ရပ်နားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာကြောင့် ပရိသတ်တွေဝမ်းနည်းခဲ့ကြပေမယ့် Season 3 ခုလုံးဟာ စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာကြောင့် မကြည့်ရသေးတဲ့ Horror ကားပရိသတ်တွေအနေနဲ့ ကြည့်ဖူးထားသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Penny Dreadful ဇာတ်လမ်းတွဲထဲမှာ စုန်းတွေ၊ မကောင်းဆိုးရွားတွေနဲ့ ဒေါက်တာဖရန်ကင်စတိုင်းအကြောင်းကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။

Ref : BrainBerries
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။