ရည်းစားဟောင်းရဲ့ မင်္ဂလာပွဲကို တက်ရောက်အားပေးခဲ့ကြတဲ့ ဘောလီးဝုဒ်ဆယ်လီဘရစ်တီတွေ

Posted on - Jun 9 []

Htoo Yan Ag

စာရေးသူ

နာမည်ကြီး ဆယ်လီဘရစ်တီတွေမှမဟုတ်ပါဘူး၊ လူတိုင်းအတွက် ကိုယ်နဲ့ လမ်းခွဲပြတ်စဲပြီးသား ချစ်သူဟောင်း(Ex)တစ်ယောက်နဲ့ သူငယ်ချင်းကောင်းတွေလို ဆက်လက်ပေါင်းသင်းရင်းနှီးနေကြဖို့ ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တော်တော်လေးမလွယ်ကူတဲ့ကိစ္စတစ်ခုပါ။ ချစ်သူဟောင်းနဲ့ အတိတ်ဇာတ်လမ်းတွေကို ပြန်တူးဆွသလို ဖြစ်နေနိုင်တာကြောင့် လမ်းခွဲပြီးသားစုံတွဲတစ်တွဲအနေနဲ့ သူငယ်ချင်းအဖြစ် တွဲသွားတွဲလာလုပ်နေကြဖို့ ဆိုတာ ဖြစ်နိုင်ချေနည်းပါးလွန်းပါတယ်။ ဒီလိုအဖြစ်မျိုးတွေကြုံနိုင်ပေမဲ့လည်း လမ်းခွဲပြီးတဲ့ ဘောလီးဝုဒ်ဆယ်လီဘရစ်တီစုံတွဲတစ်ချို့ကတော့ သူငယ်ချင်းကောင်းတွေအဖြစ် ဆက်လက်ခင်မင်နေကြပြီး ချစ်သူဟောင်းရဲ့ မင်္ဂလာပွဲကိုတောင် လက်ရှိချစ်သူနဲ့ အတူ တက်ရောက်ခဲ့ကြတာကိုလည်း တွေ့ ရပါတယ်။ ချစ်သူဟောင်းရဲ့ မင်္ဂလာပွဲကို သူငယ်ချင်းအနေနဲ့ ခပ်တည်တည်ပဲ တက်ရောက်ခဲ့ကြတဲ့ ဘောလီးဝုဒ်ဆယ်လီဘရစ်တီတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Dino Morea

Dino နဲ့ Bipasha တို့ နှစ်ယောက် ပြတ်စဲကြပြီးတဲ့အချိန်မှာ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပိုပြီးတော့တောင် ခိုင်မြဲလာပါသေးတယ်။ ပြတ်စဲခဲ့ကြတယ်ဆိုပေမဲ့လည်း နှစ်ယောက်အတူ မိတ်ဆွေရင်းချာတွေလို ရင်းရင်းနှီးနှီး ပြောဆိုသွားလာမပြတ်တာကို တွေ့ ရတဲ့အပြင် Dina ဟာ Bipasha ရဲ့ မင်္ဂလာပွဲမှာ အထူးဧည့်သည်တစ်ယောက်အဖြစ်နဲ့ တောင် ပွဲတက်ခဲ့ပါသေးတယ်။

Dipannita Sharma

Milind Soman နဲ့ Ankita Konwar တို့ မင်္ဂလာပွဲမှာ Milind နဲ့ တွဲခဲ့တယ်လို့ ကောလာဟလတွေထွက်ခဲ့ဖူးတဲ့ မင်းသမီးချော Dipannita Sharma ကလည်း တက်ရောက်ခဲ့ပါတယ်။

Neha Dhupia

Neha Dhupia ဟာ အိန္ဒိယခရစ်ကတ်ကစားသမား Yuvraj Singh နဲ့ ဖူးစာဆုံခဲ့ပြီး တစ်ချိန်တစ်ခါက သူတို့ နှစ်ယောက်ရဲ့ ချစ်သတင်းတွေဟာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းတွေမှာ ဖော်ပြရတဲ့အထိ ဟိုးလေးတကျော်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြတ်စဲပြီးတဲ့အချိန်မှာလည်း Neha ဟာ Yuvraj နဲ့ Hazel တို့ ရဲ့ မင်္ဂလာပွဲအခမ်းအနားကို မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ပါသေးတယ်။

Ranbir Kapoor

မင်းသမီးချော Sonam Kapoor ရဲ့ မင်္ဂလာပွဲဟာ ဘောလီးဝုဒ်ဆယ်လီဘရစ်တီတွေရဲ့  မင်္ဂလာပွဲအားလုံးထဲမှာ အခမ်းနားဆုံးမင်္ဂလာပွဲတစ်ခုလို့ ဆိုရပါမယ်။ Sonam ရဲ့ မင်္ဂလာပွဲမှာ သူမရဲ့ ချစ်သူဟောင်းလို့ သတင်းထွက်ခဲ့တဲ့ မင်းသားချော Ranbir Kapoor ကလည်း သူ့ ရဲ့ လက်ရှိချစ်သူ Alia Bhatt နဲ့ အတူ တက်ရောက်လာခဲ့တာကို တွေ့ ရပါတယ်။

Ref : LaughingColours
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။