အသက်ပြည့်ပြီးသူတွေသာ ကြည့်သင့်တဲ့ ရင်ဖိုဖွယ်ရာ အချစ်ဇာတ်ကားကောင်းများ

Posted on - Jun 9 []

Htoo Yan Ag

စာရေးသူ

Hollywood က Drama/Fancy/Love/Romantic ဇာတ်ကားတွေဟာ လူကြီးတွေသာမက လူငယ်တော်တော်များများလည်း တစ်ခဲနက်အားပေးကြည့်ရှုကြတာကိုတွေ့ ရပါတယ်။ တစ်ချို့ Drama ဇာတ်ကားတွေကတော့ ၅၂၈၊၁၅၀၀ မေတ္တာတွေအကြောင်းကို အသားပေးရိုက်ကူးထားတာဖြစ်သလို တစ်ချို့ ဇာတ်ကားတွေကတော့ လူငယ်တွေအတွက် လိင်ပညာပေးအနေနဲ့ ဆက်စပ်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အချစ်ရုပ်ရှင်တွေကြိုက်တဲ့လူငယ်ပရိသတ်တွေထဲကမှ အသက်(၁၈)နှစ်ပြည့်ပြီးတဲ့ လူငယ်တွေသာ ကြည့်ဖို့ သင့်တော်တဲ့ ရင်ဖိုဖွယ်ရာရုပ်ရှင်ဇာတ်ကားတစ်ချို့ ကို မျှဝေပေးလိုက်ပါတယ်နော်။

မင်းသားကြီး တွမ်ခရုရဲ့ အချစ်ကြမ်းကြမ်းဇာတ်ဝင်ခန်းတွေကို မြင်တွေ့ ရမယ့် Eyes Wide Shut ဇာတ်ကား

အချစ်နဲ့ လိင်ဆက်ဆံမှုကို ခွဲခွဲခြားခြားသိဖို့ လက်တွေ့ စမ်းကြည့်ကြတဲ့ ချစ်သူနှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ No Strings Attached ဇာတ်ကား

ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ Negative Review တွေကို ရရှိခဲ့တဲ့ Fifty Shades Of Grey ဇာတ်ကား

လိင်ပိုင်းဆိုင်ရာဖျော်ဖြေပေးရတဲ့ ရုရှားသူလျှိုမလေးအကြောင်းရိုက်ကူးထားတဲ့ Red Sparrow ဇာတ်ကား

ကျွန်းတစ်ကျွန်းပေါ်ကို အမှတ်မထင် နှစ်ယောက်တည်းရောက်ရှိသွားပြီး ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ လူငယ်စုံတွဲအကြောင်းရိုက်ကူးထားတဲ့ Blue Lagoon The Awakening ဇာတ်ကား

ယောက်ျားလေးအဖော်အချွတ်အကသမားတွေအကြောင်း ရိုက်ကူးထားတဲ့ Magic Mike XXL

Leonardo DiCaprio ရဲ့ အချစ်ကြမ်းကြမ်းဇာတ်ဝင်ခန်းတွေကို မြင်တွေ့ ရမယ့် The Wolf of Wall Street ဇာတ်ကား

ပရိသတ်ကြီးရေ ... ဘယ်လိုရည်ရွယ်ချက်ကြောင့်ပဲဖြစ်ဖြစ် အခုလိုမဖွယ်မရာဇာတ်ဝင်ခန်းတွေကို သူစိမ်းတစ်ယောက်နဲ့ ရိုက်ကူးရတာဟာ သရုပ်ဆောင်တွေအတွက်ကတော့ တစ်ကယ်ကိုမလွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ။ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အကောင်းဆုံးပေးဆပ်ကြိုးစားနေရတဲ့ ဟောလီးဝုဒ်မင်းသား၊မင်းသမီးတွေကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း Like & Share လုပ်ပြီးအားပေးဖို့ မမေ့နဲ့ ဦးနော်။

Ref : NewLoveTimes
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။