နေကြာပန်းပွင့်တွေကို ခေါင်းမှာစွပ်ပြီး ကိုရီးယားကို ပြန်လာခဲ့ကြတဲ့ BTS အဖွဲ့ဝင် ၃ ယောက်

Posted on - Jun 11 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအမျိုးသား Idol အဖွဲ့ဖြစ်တဲ့ BTS ဟာ မြောက်အမေရိက၊ တောင်အမေရိကနဲ့ ဥရောပနိုင်ငံတွေမှာ “Love Yourself: Speak Yourself” Stadium Tour ကို အောင်မြင်စွာပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်လ ၁၀ ရက်နေ့ မနေ့က တောင်ကိုရီးယားနိုင်ငံကို ပြန်လည်ရောက်ရှိလို့လာခဲ့ပြီ ဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိပြီး ပြန်လာတဲ့ နာမည်ကျော် Idol အဖွဲ့ဖြစ်တာမို့လို့ ပရိသတ်တွေရော၊ မီဒီယာတွေကပါ အင်ချွန်းလေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

ပရိသတ်တွေက သူတို့ကြိုက်နှစ်သက်တဲ့ Idol အဖွဲ့ဟာ ငေးကြည့်ချင်နေလောက်အောင် ကြည့်ကောင်းချောမောတဲ့ ဖက်ရှင်ပုံမျိုးတွေနဲ့ လေဆိပ်ကို ရောက်ရှိလာမယ်လို့ ထင်ခဲ့ကြပေမယ့်လည်း အဖွဲ့ဝင် (၃) ယောက်ရဲ့ လေဆိပ်ကိုရောက်ရှိလာတဲ့ ဖက်ရှင်တွေကို မြင်တွေ့ရချိန်မှာတော့ မထင်မှတ်ထားတဲ့ပုံစံတွေဖြစ်နေတာကြောင့် အံ့အားသင့်ပြီး ရယ်မောခဲ့ရပါတယ်။

အဲဒီအဖွဲ့ဝင် ၃ ယောက်ကတော့ Jin, J-Hope နဲ့ Suga တို့ဖြစ်ပြီး သူတို့ဝတ်ဆင်လာခဲ့ကြတဲ့ ဖက်ရှင်ကတော့ နေကြာပန်းပွင့်ပုံစံမျိုးဖြစ်နေတာပါပဲ။ နေကြာပန်းပွင့်ကြီးတွေကို ခေါင်းမှာစွပ်ပြီး ကင်မရာပေါင်းမြောက်များစွာရဲ့ အရှေ့ကို ထွက်ရှိလာတဲ့ Idol (၃) ယောက်ရဲ့ပုံစံဟာ ပရိသတ်တွေကို ငိုအားထက် ရယ်အားသန်စေခဲ့ပါတယ်။

(၃) ယောက်ရဲ့ ပုံရိပ်တွေဟာဆိုရင်လည်း မီဒီယာစာမျက်နှာတွေအထက်မှာ တစ်မဟုတ်ချင်းဆိုသလိုပျံ့သွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ Jin, J-Hope နဲ့ Suga တို့ (၃) ယောက်ဟာ အရင်တုန်းကလိုပဲ “Run BTS!” အစီအစဉ်ရဲ့ဂိမ်းကစားနည်းတစ်ခုခုမှာ ရှုံးသွားလို့ အခုလိုပုံစံမျိုးနဲ့ လေဆိပ်ကနေ ထွက်လာခဲ့ရတာဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဘယ်လိုမျိုး ဂိမ်းကိုဆော့ပြီး ရှုံးတာလဲဆိုတာကို သိချင်လိုက်တာနော်။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။