မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် '2019 INSP Awards' မှာ Top 5 ၀င်သွားတဲ့ CNBLUE အဖွဲ့ဝင် Jungshin

Posted on - Jun 11 []

Mia Zin

စာရေးသူ

နာမည်ကြီး အမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ CNBLUE ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jungshin ဟာဆိုရင် အခုလတ်တလောမှာ စစ်မှုထမ်းဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း '2019 International Network of Street Papers Awards' မှာ အကောင်းဆုံးဓာတ်ပုံဆုအတွက် Top 5 ၀င်နေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး Top 5 ၀င်စေလိုက်တဲ့ ဓာတ်ပုံကတော့ တစ်ယောက် စစ်မှုမထမ်းဆောင်အချိန်ုတုန်းက မြန်မာနိုင်ငံကို လုပ်အားပေးအနေနဲ့ လာရောက်ခဲ့စဉ်တုန်းက ရိုက်ကူးခဲ့တဲ့ပုံလေး ဖြစ်ပါတယ်။ Jungshin ဟာ အဲဒီပုံကို 'The Big Issue' ဆိုတဲ့ သတင်းစာကို အခမဲ့ဖြန့်ဝေပေးလိုက်တဲ့ ပုံလေးဖြစ်တယ်လို့လည်း သိရပါတယ်။

Jungshin ရိုက်ကူးထားတဲ့ အဲဒီပုံထဲမှာ မြန်မာလူမျိုးတွေရဲ့ စိတ်သဘောထားပုံစံနဲ့ နေထိုင်မှုပုံစံတွေကို အထင်းသားမြင်တွေ့နေရတယ်လို့ ဆိုကြပါတယ်။ Idol တစ်ယောက်ဖြစ်ပေမယ့်လည်း အခုလိုမျိုး ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်လို ရိုက်ကူးနိုင်တဲ့ Jungshin ရဲ့ အရည်အချင်းကတော့ တကယ်ကို ချီးကျုးစရာပါပဲနော်။

Jungshin ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတုန်းက သူ့အစ်ကိုဖြစ်သူနဲ့အတူ မြန်မာနိုင်ငံကို LoveFNC အစီအစဉ်ရဲ့ လုပ်အားပေးအနေနဲ့ လာရောက်ခဲ့ဖူးပြီး အဲဒီခရီးစဉ်မှာ AOA အဖွဲ့ဝင် Seolhyun လည်း အတူပါဝင်ခဲ့ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ ကျောင်းတွေ လှူဒါန်းဆောက်လုပ်ပေးခဲ့ပြီး ကလေးတွေအတွက်လည်း လိုအပ်တဲ့အရာတွေကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီခရီးစဉ်တုန်းက ရိုက်ကူးခဲ့တဲ့ ပုံတွေကိုလည်း Jungshin ဟာ ဓာတ်ပုံပြပွဲပြုလုပ်ခြဲ့ပီး ထိုဓာတ်ပုံပြပွဲက ရရှိခဲ့တဲ့ အမြတ်ငွေတွေကိုလည်း မြန်မာနိုင်ငံက ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် ထောက်ပံ့ပေးလို့ရအောင် ရံပုံငွေလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

တကယ်ကို စိတ်ထားမွန်မြတ်လှတဲ့သူ တစ်ယောက်ပါပဲနော်။ Top 5 ထဲဝင်နေရာကနေ အကောင်းဆုံးဓာတ်ပုံဆုကို ဆွတ်ခူးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref : KStarlive, Kpopmap
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။