သူ့ရဲ့ ချစ်စရာကောင်းတဲ့သမီးလေးက မေမေလို့ခေါ်လို့ ကျေနပ်ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝ

Posted on - Jun 11 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေ အတွက် ခိုင်နှင်းဝေ နဲ့ သူ့ရဲ့ သမီး တို့ရဲ့ video file လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပါ။

သမီးလေးရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ ပုံရိပ်ကလေးတွေ ၊ video file လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ခိုင်နှင်းဝေက သူ့ရဲ့သမီးလေးက မေမေလို့ခေါ်လို့ အရမ်းကိုပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက ခုလိုလည်း ပြောထားပါသေးတယ် "မေတ္တာပေး၍မေတ္တာပြန်ရသည် တဦးကစေတနာ တဦးကမေတ္တာတဲ့မေတ္တာတရားရဲ့အတိမ်အနက် အသွားအပြန်ဆိုတာ,,,အသက်အရွယ်နဲ့မဆိုင်ဘူးဘာသာစကားနဲ့မဆိုင်ဘူးကိုးကွယ်ယုံကြည်မှုနဲ့မဆိုင်ဘူးလူ,တိရစ္ဆာန်ရယ်လို့ခွဲခြားမရဘူးကျမကို လူတချို့က ချစ်တယ်,မေတ္တာထားတယ်ပြောကြတယ်ဘယ်လိုချစ်ခြင်းလဲ? ဘယ်လိုမေတ္တာတရားမျိုးလဲ? လူတချို့ကပြောကြသေးတယ်,,,သူတို့ကိုတန်ဖိုးမထားဘူးတဲ့,သူတို့ပေးတဲ့မေတ္တာက ကျမနဲ့မတန်ဘူးတဲ့,ကျမကမေတ္တာပြန်မပေးလို့သူတို့ကမေတ္တာမထားတော့တာတဲ့...မေတ္တာတရားဆိုတာ စိတ်အတွင်းထဲကနေ သိမ်မွေ့နက်ရှိုင်းစွာသူ့အလိုလိုပေါ်ပေါက်လာတာမျိုးမဟုတ်ပေဘူးလားရှင်???တစုံတခုကို အလိုလိုက်အကြိုက်ဆောင်နေမှ ရလာမယ့်အရာမျိုးတော့ ကျမ ဖက်တွယ်မထားချင်တော့ဘူး...
ကျမအခု ချစ်ခြင်းမေတ္တာတရား ကို ပြည့်ပြည့်ဝဝ ခံစားသိရှိနေပြီ...ကျမရဲ့ သား,သမီးတွေကို ကျမအရမ်းချစ်သလို, သူတို့လေးတွေဆီကနေ ဘာအရောင်မှမစွန်းထင်းသော ချစ်ခြင်းမေတ္တာတရားကိုလဲပြန်လည်ရရှိနေပါပြီ...မေမေ ခိုင်နှင်းဝေ" ဆိုပြီးပြောထားပါတယ်။"

ခိုင်နှင်းဝေ ရဲ့ မိခင်မေတ္တာအပြည့်ရှိတဲ့ စိတ်ဓာတ်လေးက လေးစားစရာပါပရိသတ်ကြီးရေ ။ ခိုင်နှင်းဝေ နဲ့ သမီးလေးတို့ရဲ့ video file လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သူ့ရဲ့ ချစ်စရာကောင်းတဲ့သမီးလေးက မေမေလို့ခေါ်လို့ ကျေနပ်ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝ

သူ့ရဲ့ ချစ်စရာကောင်းတဲ့သမီးလေးက မေမေလို့ခေါ်လို့ ကျေနပ်ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝ

သူ့ရဲ့ ချစ်စရာကောင်းတဲ့သမီးလေးက မေမေလို့ခေါ်လို့ ကျေနပ်ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ နဲ့သမီးလေးတို့ရဲ့ video file လေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;khine hnin wai

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။