မြန်မာဆိုတဲ့ စကားလုံးကို သံစဉ်လေးနဲ့ ပီပီသသဆိုပြသွားတဲ့ Cha Eunwoo

Posted on - Jun 11 []

Mia Zin

စာရေးသူ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Cha Eunwoo ဟာဆိုရင် ASTRO ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့သာမက သရုပ်ဆောင်အဖြစ်နဲ့လည်း အောင်မြင်လူကြိုက်များသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်သူ Cha Eun Woo ဟာ ပြီးခဲ့တဲ့နာရီပိုင်းလောက်တုန်းကပဲ ASTRO ရဲ့ အဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်တဲ့ Sanha နဲ့အတူတူ VLive ကနေတဆင့် Live လွှင့်သွားခဲ့ပြီး နိုင်ငံတကာက ပရိသတ်တွေနဲ့ ဆက်သွယ်သွားခဲ့ပါတယ်။

Sanha ကတော့ မကြာခင်ရက်ပိုင်းထဲမှာ မြန်မာနိုင်ငံကို လာရောက်ပြီး Law Of The Jungle အစီအစဉ်ကို ရိုက်ကူးမယ့် Idol တစ်ယောက်ဖြစ်ပြီး အဆိုပါ Live ထဲမှာ မြန်မာနိုင်ငံကို သူ လာရောက်မယ့်အကြောင်းကို ပြောခဲ့ပါတယ်။

အဲဒီအခါမှာတော့ Cha Eun Woo က မြန်မာဆိုတဲ့ စကားလုံးကို သဘောကျနှစ်သက်သွားတဲ့ပုံရပြီး သံစဉ်လေးနဲ့တောင် ပီပီသသဆိုသွားခဲ့ပါတယ်။ ဆိုနေရင်းနဲ့လည်း မြန်မာဆိုတာ ဘယ်လိုနိုင်ငံမျိုးလဲလို့ မေးခဲ့ပါသေးတယ်။

မြန်မာဆိုတဲ့စကားလုံးကို သံစဉ်လေးနဲ့ ပီပီသသဆိုပြသွားတဲ့ Cha Eun Woo

ကြည့်ရတာတော့ မြန်မာနိုင်ငံကို လာဖို့အတွက် Sanha ထက်တောင်မှ သူက ပိုပြီးစိတ်လှုပ်ရှားနေသလိုပါပဲနော်။ အခါအခွင့်သင့်ရင် မြန်မာနိုင်ငံကို တစ်ခေါက်လောက် အရောက်လာခဲ့ပါဦးနော် Cha Eun Woo ရေ..။

Source : Myanmar AROHA Fanbase
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။