စစ်မှုထမ်းတာဝန်ကြောင့် နောက်နှစ်ရဲ့ World Tour မှာ ပါဝင်ဖျော်ဖြေနိုင်မှာမဟုတ်တဲ့ Jin နဲ့ Suga

Posted on - Jun 11 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံသားမှန်သမျှ မဖြစ်မနေထမ်းဆောင်ရတဲ့ စစ်မှုထမ်းတာဝန်ဟာ နာမည်ကျော် Idol အဖွဲ့ဖြစ်တဲ့ BTS ရဲ့အဖွဲ့ဝင်တွေဆီကို နောက်နှစ်ထဲမှာ ရောက်ရှိလာတော့မှာဖြစ်ပြီး စစ်မှုထမ်းဥပဒေရဲ့အကျိုးသက်ရောက်မှုကို ပထမဆုံးရရှိမယ့် အဖွဲ့ဝင်တွေကတော့ Jin နဲ့ Suga တို့ ၂ ယောက်ဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရကချမှတ်ထားတဲ့ စစ်မှုထမ်းဥပဒေအသစ်မှာ အသက် ၂၅ နှစ်ပြည့်ပြီးပေမယ့် စစ်မှုမထမ်းဆောင်သေးတဲ့ အမျိုးသားတိုင်းဟာ တိုင်းတစ်ပါးကို အစိုးရရဲ့ ခွင့်ပြုချက်ရှိမှသာ ထွက်ခွာရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အဖွဲ့ဝင် ၇ ယောက်လုံးဆုံပြီး နိုင်ငံတကာသွားရောက်ကာ ဖျော်ဖြေရေးတွေလုပ်ဖို့က နောက်နှစ်ကစပြီး ခက်ခဲသွားမှာဖြစ်တယ်လို့ ဆိုကြပါတယ်။

အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်သူ Jin ဟာဆိုရင် ဒီနှစ်ထဲမှာ အသက် ၂၇ နှစ်ပြည့်မှာဖြစ်ပြီး နောက်နှစ်ဆိုရင် အသက် ၂၈ နှစ်ပြည့်တော့မှာဖြစ်တာကြောင့် စစ်မှုထမ်းရမယ့်အချိန်ဟာ ကျိန်းသေပေါက်ကို နီးကပ်လို့လာနေပါပြီ။ ဒါ့အပြင် လက်ရှိမှာ အသက် ၂၆ နှစ်ရှိနေပြီဖြစ်တဲ့ Suga အတွက်ကလည်း နောက်နှစ်ထဲမှာ စစ်မှုထမ်းဆောင်ရဖို့က များနေတယ်လို့ သိရပါတယ်။

ဒီလိုမျိုးသော အခြေအနေတွေကြောင့် Jin နဲ့ Suga တို့ ၂ ယောက်အနေနဲ့ နောက်နှစ်ရဲ့ World Tour မှာ ပါဝင်ဖျော်ဖြေနိုင်ဖို့ ရာခိုင်နှုန်းနည်းနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒီလိုအခြေအနေမျိုးဟာ ဂုဏ်ယူရမလို၊ ၀မ်းနည်းရမလိုဖြစ်စေတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။