Trailer နဲ့တင် ပရိသတ်တွေကို ကြက်သီးမွှေးညှင်းတွေ ထသွားစေခဲ့တဲ့ Frozen 2

Posted on - Jun 11 []

Rowena

စာရေးသူ

ကမ္ဘာ့ အကျော်ကြားဆုံး Animation Studio တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေနိုင်တာကတော့ Disney Studio ဖြစ်ပြီး Disney ကထုတ်လုပ်ရိုက်ကူးခဲ့သမျှ ကာတွန်းရုပ်ရှင်တွေဟာလည်း ဒေါ်လာသန်းပေါင်းများစွာ ၀င်ငွေရရှိခဲ့တာ ပရိသတ်ကြီးလည်း အသိပါ။ Disney ရဲ့ အအောင်မြင်ဆုံး Animation ရုပ်ရှင်ကိုပြောပါဆိုရင်တော့ Frozen ဇာတ်ကားကိုပဲ ပြောရမှာဖြစ်ပြီး လက်ရှိမှာတော့ Frozen ဟာ ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေစုစုပေါင်း $ 1.29 Billion ကျော်နဲ့ အတူ သမိုင်းတစ်လျှောက် ၀င်ငွေအကောင်းဆုံးရုပ်ရှင်(၁၀)ကားထဲမှာလည်း တစ်ကားအပါအ၀င်ဖြစ်ပါတယ်။ Frozen ရုပ်ရှင်ဟာ ရိုက်ချက်တွေကောင်းမွန်ပြည့်စုံလွန်းရုံသာမက Let It Go ဇာတ်ဝင်သီချင်းနဲ့ လည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေရင်ကို ကိုင်လှုပ်နိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Frozen ရုပ်ရှင်ရဲ့ အဆက်ဖြစ်တဲ့ Frozen 2 Offical Trailer လည်း ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အချိန်အတော်ကြာတဲ့အထိ ပရိသတ်တွေမျှော်လင့်စောင့်စားနေခဲ့ရတဲ့ Frozen 2 ရဲ့ Trailer ဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကမှ ထွက်ရှိလာတာဖြစ်ပြီး Trailer ရဲ့ ကြာချိန်ဟာ (2)မိနစ်နီးပါး လောက်သာရှိပေမယ့်လည်း ခမ်းနားလွန်းတဲ့ရိုက်ချက်တစ်ချို့ ကို မြင်တွေ့ လိုက်ရတာကြောင့် ပရိသတ်တော်တော်များများ အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။

Frozen 1 ထဲမှာ မြင်တွေ့ ခဲ့ရသလိုပဲ Elsa ရဲ့ လှပလွန်းတဲ့ ရေခဲစွမ်းအားတွေကို ယခု Frozen 2 Offical Trailer ထဲမှာလည်း မြင်တွေ့ ရမှာပါ။

Frozen 2 Offical Trailer

Snow Queen ဖြစ်တဲ့ Elsaနဲ့ ညီမဖြစ်သူ Anna တို့ Arendelleတိုင်းပြည်ရဲ့ အဝေးတစ်နေရာကို စွန့်စားခန်းထွက်ဖို့ လိုလာတဲ့အခါ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေဖြစ်လာမလဲဆိုတာ ကြည့်ရှုရမှာပါ။

ပရိသတ်ကြီးလည်း Frozen 2 ရဲ့ Offical Trailer ကိုကြည့်ရင်း ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ဖို့ မစောင့်နိုင်ကြလောက်တော့ပါဘူး။ Frozen 1 တုန်းက နာမည်ကြီးဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Let It Go သီချင်းလို ကောင်းမွန်ပြည့်စုံတဲ့သီချင်းမျိုးကို Frozen 2 မှာလည်း ထပ်မံနားဆင်ရဖို့ မျှော်လင့်နေကြပြီဖြစ်ပါတယ်။ Frozen 2 ရုပ်ရှင်ဟာ 2019 ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့ မှာ ကမ္ဘာအနှံ့ ရုံတင်ပြသသွားမှာဖြစ်ပြီး Frozen 1 ရဲ့ ဝင်ငွေစံချိန်ကိုချိုးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Rowena

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။