ပွဲထွက်ချိန်တုန်းက ပြောဆိုနေထိုင်ခဲ့တာတွေက ဟန်ဆောင်မှုတွေသာဖြစ်တယ်ဆိုတဲ့ Infinite အဖွဲ့ဝင် L

Posted on - Aug 31 []

Mia Zin

စာရေးသူ

Infinite ရဲ့ အဖွဲ့ဝင် L ကိုကြည့်လိုက်ရင် ခပ်တည်တည်မျက်နှာထားနဲ့ နေတတ်တာကို သတိထားမိကြမှာပါ။ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားရက်နဲ့ ဘာလို့ ရုပ်ကြီးတည်နေရတာလဲ၊ မာနကြီးတာလားဆိုတဲ့ အတွေးတွေက L ရဲ့ ပုံစံကို ကြည့်လိုက်ရင်တွေးမိစေမယ့် အတွေးတွေဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒါတွေအားလုံးဟာ သူ့အနေနဲ့ ဟန်ဆောင်ခဲ့ရတာတွေဖြစ်တယ်ဆိုတဲ့အကြောင်းကို Knowing Brothers အစီအစဉ်မှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

L ဟာ အဲဒီအစီအစဉ်မှာ မင်းသမီး Goo Ara နဲ့ အတူပါဝင်ခဲ့တာဖြစ်ပါတယ်။ သူတို့အကြောင်းကို သူတို့ကိုယ် သူတို့ မိတ်ဆက်ကြရင်းနဲ့ L က သူ့ရဲ့ ပွဲဦးစထွက်စဉ်ကာလက အကြောင်းတွေကို ပြောပြခဲ့တာပါ။ သူ့မျက်နှာတည်ရခြင်းရဲ့ အကြောင်းအရင်းဟာ အေဂျင်စီကနေခိုင်းတဲ့ ပုံစံသာဖြစ်ပြီး သူ့ရဲ့ ပုံစံအစစ်အမှန်မဟုတ်ဘူးလို့ ဖွင့်ဟပြောပြခဲ့ပါတယ်။

သူ့အနေနဲ့ ပြုံးချင်၊ရယ်ချင်ရင်တောင်မှ ကင်မရာအရှေ့တည့်တည့်မှာ ရယ်လို့မရပဲ ကင်မရာကွယ်အောင် ဘေးသို့လှည့်ကာ ပြုံးရယ်ခဲ့ရတယ်လို့ L က ပြောပြခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ဖျော်ဖြေရေး အေဂျင်စီတွေဟာ Idol တွေကို စိတ်ကြိုက်ထိန်းချုပ်နိုင်တာမို့လို့ ပွဲဦးစမထွက်ခင်ကတည်းက Idol တစ်ဦးချင်းစီကို ကင်မရာအရှေ့မှာ ဘယ်လိုနေရမယ်၊ ထိုင်ရမယ်၊ ပြောဆိုရမယ်လို့ ခိုင်းစေထားပြီးသားပါ။

မျက်နှာတည်တဲ့သူ၊ အားပါးတရရီမောတတ်သူ၊ ဟာသတွေပြောတတ်သူအစသဖြင့်သော ပုံစံတွေဟာ များသောအားဖြင့် အေဂျင်စီတွေကနေ သတ်မှတ်ပေးထားတဲ့ပုံစံတွေဖြစ်ပါတယ်။ L ကို သတ်မှတ်နေခိုင်းခဲ့တဲ့ပုံစံကတော့ နားလည်ရခက်တဲ့ပုံစံဖြစ်တယ်လို့ ဆိုပါတယ်။

Idol တွေရဲ့ ဘ၀ဟာ တကယ်တော့ သနားစရာကောင်းလွန်းလှပါတယ်။ ဖြစ်ချင်တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တစ်ပါးသူဆီမှာ သူတို့ရဲ့ အချိန်တွေ၊ ခွန်အားတွေ၊ စိတ်ခံစားချက်တွေကို ပေးအပ်ထားရတာပါ။ စာချုပ်တွေနဲ့ အချုပ်အနှောင်ခံထားရတဲ့ဘ၀တွေဖြစ်ပြီး မီးရောင်အရှေ့၊ ကင်မရာအရှေ့မှာတော့ အများအားကျရလောက်တဲ့ပုံစံအသွင်အပြင်ရှိနေပေမယ့် နောက်ကွယ်မှာတာ့ အရာအားလုံးကို မြိုသိပ်ကာနေခဲ့ရသူတွေ ဖြစ်ကြပါတယ်။

ပရိသတ်ကြီးတို့ကရော L ရဲ့ ဟန်ဆောင်ပြီးနေခဲ့ရတဲ့ပုံစံနဲ့ ပတ်သတ်ပြီး ဘယ်လိုများထင်မြင်မိပါသလဲံ။

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။