လူအများကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် Yeonwoo ရဲ့အသားအရေထိန်းသိမ်းနည်း

Posted on - Jun 12 []

Gunner Ksr

စာရေးသူ

MOMOLAND အဖွဲ့ဝင် Yeonwoo က အလွန်ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ လှပပြေပြစ်တဲ့အသားအရေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Yeonwoo အနေနဲပ အဲဒီလိုမျိုး မြင်သူတကာ ငေးမောအားကျလောက်တဲ့ပုံစံကို ရရှိအောင် ဘယ်လိုမျိုး တည်ဆောက်ထိန်းသိမ်းရသလဲဆိုတဲ့အချက်ကိုတော့ အားလုံးစိတ်ဝင်စားကြမှာအမှန်ပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Yeonwoo က သူ့အနေနဲ့ လှပနေခြင်းရဲ့နောက်ကွယ်က အကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။

သူမရဲ့ ဖွင့်ဟမှုက အားလုံးကို အံ့အားသင့်စေမှာတော့အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ သူမဟာ အဲဒီလိုလှပမှုရဲ့နောက်ကွယ်မှာ ထူးထူးခြားခြား အသားအရေကို ဂရုစိုက်တာမျိုးမရှိဘူးလို့ပြောဆိုခဲ့တာပါ။ ဒါကြောင့်Yeonwoo ကို လှပဖို့အတွက်ပဲ မွေးဖွားလာသူလို့ ဆိုရပါမယ်။

"ကျွန်မရဲ့အသားအရေ ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ထူးထူးခြားခြား ဂရုစိုက်တာမျိုးမရှိပါဘူး။ အွန်လိုင်းမှာတော့ ကိုယ့်ကိုကိုယ် ဂရုစိုက်လွန်းတဲ့မိန်းကလေး ဆိုတဲ့ဆောင်းပါးတွေကို အများကြီးဖတ်ရပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ Comeback တစ်ခုမတိုင် အထူးတလည် Diet လုပ်တာမျိုးတွေလည်း မရှိပါဘူး။

လူတော်တော်များများကတော့ ကျွန်မနဲ့ ကွာခြားမယ်လို့ထင်ပါတယ်။ ဒါပေမယ့် လူအများစုက သူတို့ရဲ့ အသားအရေ ဒါမှမဟုတ် ခန္ဓာကိုယ်အတွက်ထူးခြားတဲ့လျို့ဝှက်ချက်တွေ အများကြီး ရှိလိမ့်မယ်လို့ ကျွန်မမထင်ပါဘူး"လို့ Yeonwoo က ပြောဆိုသွားခဲ့တာပါ။

ဆက်လက်ပြီး Yeonwoo က သူမအနေနဲ့ ကျောင်းသားဘ၀တုန်းက အ၀လွန်ခဲ့တာကြောင့် အပြင်းအထန် ၀ိတ်ချခဲ့ဖူးကြောင်း၊ Idol ဖြစ်လာပြီးနောက်ပိုင်းမှာ သူမရဲ့အလေးချိန်ဟာ အတော်လျော့ကျသွားကြောင်းလည်း ပြောဆိုသွားခဲ့ပါသေးတယ်။ လူတော်တော်များများဟာ ကိုယ့်ရဲ့အလှနဲ့ပတ်သက်ရင် အမြဲတမ်း သံသယရှိတတ်ကြပါတယ်။ ဒါကြောင့် ဘာမှထွေထွေထူးထူး ပြုလုပ်စရာမလိုဘဲ ဒီအတိုင်း ရိုးရိုးလေးပဲ စားစရာရှိတာကိုစား၊ လွတ်လွတ်လပ်လပ် နေတယ်ဆိုတဲ့ Yeonwoo ရဲကဖွင့်ဟချက်က လူအများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စရာပါပဲ။ ကိုယ့်ရဲ့ဖုံးကွယ်နေတဲ့ အလှတရားတွေကို တွေ့မြင်အောင်ရှာဖွေကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Ref Koreaboo

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။