အမ္ဘတ္ပီကို ပီအက္စ္ဂ်ီမွာ ဆက်နေ့ဖို့ စည်းရုံးခဲ့ရတဲ့ အူနိုင်းအမ်မရီ

Posted on - Jun 12 []

Gunner Ksr

စာရေးသူ

အာဆင်နယ်နည်းပြအမ်မရီဟာ သူ့အနေနဲ့ ပြင်သစ်ကြယ်ပွင့်အမ်ဘတ်ပီကို ပီအက်စ်ဂျီမှာ ဆက်နေဖို့အတွက် စည်းရုံးခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် အမ်ဘတ်ပီဟာ စီရော် နယ်ဒို၊ မက်ဆီတို့ခေတ်လွန် သူတို့ရဲ့ခြေရာကို လိုက်နင်းနိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။ အမ်ဘတ်ပီဟာ လက်ရှိရာသီမှာလည်း ဥရောပရွှေဖိနပ်ဆုအတွက် မက်ဆီကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့သူဖြစ် ပါတယ်။

အမ်မရီရဲ့ပြောကြားချက်အရ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ရီးရဲ၊ ဘာစီလိုနာအသင်းတွေကို ပြောင်းရွှေ့ချင်ခဲ့တယ်လို့ သိရပါတယ်။ အမ်ဘတ်ပီဟာ ဘာစီလိုနာထက် ရီးရဲကိုပြောင်းရွှေ့ဖို့ တော်တော်လေး စိတ်အားထက်သန်ခဲ့ပြီး သူ့အနေနဲ့ အသင်းမှာပဲ ဆက်နေအောင် စည်းရုံးခဲ့ရတယ်လို့ သိရပါတယ်။

အမ်မရီက "အဲဒီအချိန်မှာတော့ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီကနေ ထွက်ခွာချင်ခဲ့တာပါ။ ဒါကြောင့် သူနဲ့ သူ့အဖေကို အသင်းမှာပဲ ဆက်နေအောင်လို့ ကျွန်တော် ဖျောင်းဖြခဲ့ရတယ်။ အမ်ဘတ်ပီဟာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ချင်ခဲ့တာပါ။

ဘာစီလိုနာကို ပြောင်းဖို့အခွင့်အရေးရှိခဲ့ပေမယ့် သူက ရီးရဲကို ပြောင်းဖို့သာ လိုလားခဲ့တယ်။ ဒါကြောင့် ပီအက်စ်ဂျီရဲ့စီမံကိန်းတွေကို ရှင်းပြပြီး သူ့ကိုအသင်းမှာ ဆက်နေအောင်လို့ ကြိုးပမ်းခဲ့တယ်"လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အမ်မရီဟာ ပီအက်စ်ဂျီအသင်းကို ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိကိုင်တွယ်ခဲ့တာပါ။ အမ်ဘတ်ပီဟာ အမ်မရီကိုင်တွယ်နေစဉ်အတွင်း မိုနာကိုအသင်းကနေ ယူရို ၁၈၀ သန်းနဲ့ရောက်ရှိလာခဲ့တာပါ။ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီကို စတင်ရောက်ရှိပြီးချိန်ကစလို့ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၅၉ ဂိုးအထိသွင်းယူထားခဲ့တာပါ။
Ref Be Soccer

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။