မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ Dispatch ရဲ့စွပ်စွဲခြင်းကို ခံနေရတဲ့ iKON အဖွဲ့ခေါင်းဆောင် B.I

Posted on - Jun 12 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော် သတင်းဌာန 'Dispatch' ဟာ Kakao Talk မှာပြောကြားထားတဲ့ မက်ဆေ့ခ်ျတွေကို အခြေခံကာ iKON အဖွဲ့ခေါင်းဆောင် B.I အနေနဲ့ လွန်ခဲ့တဲ့ (၃) နှစ်ခန့်က မူးယစ်ဆေးဝါးသံုးစွဲ ခဲ့တယ်ဆိုပြီး စွပ်စွဲဖော်ပြခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း Kakao Talk မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသမီးနဲ့ ပြောကြားထားတဲ့စကားတွေကို အခြေခံပြီး B.I ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမအဆင့်အပြင်းစား မူးယစ်ဆေးဝါးဖြစ်တဲ့ LSD (Lysergic acid diethylamide) ကိုသုံးစွဲခဲ့တယ်လို့ Dispatch က စွပ်စွဲဖော်ပြခဲ့တာပါ။

'A'လို့အမည်ရတဲ့ အဲဒီမူးယစ်ဆေးဝါးရောင်းဝယ်သူဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲဒီမှာ ရဲတပ်ဖွဲ့က သူမရဲ့ဖုန်းကိုသိမ်းဆည်းခဲ့တာဖြစ်ပြီး ဖုန်းထဲကပါတဲ့ B.I နဲ့ပြောဆိုထားမှုတွေက ပေါက်ကြားခဲ့တာပဲ ဖြစ်ပါတယ်။

B.I : ကျွန်တော်အမြဲတမ်း LSD ကိုပဲသုံးဖို့ကြိုးစားချင်မိတယ်။ အဲဒါကပြင်းရဲ့လား။
Mr.A : အဲဒါက ငါတို့နိုင်ငံမှာတော့ ထိပ်တန်းအဆင့်ပဲ။
B.I : အမ်.မဟုတ်ဘူးလေ။ အဲဒါက ပြင်းရဲ့လားလို့။
Mr.A : ဒါပေါ့။ အဲဒါက ပြင်းတဲ့ဆေးပဲ။
B.I : ဒါဆို ကျွန်တော်လိုချင်သလောက်ရနိုင်လား။
Mr.A : ရနိုင်တာပေါ့။

B.I : (၃) ခုလောက်ဆို ဘယ်လိုပဲ။ ကျွန်တော်က ပိုက်ဆံလည်း ချွေတာချင်သေးတာ။ ကျွန်တော်အနေနဲ့ ၀ယ်မယ်ဆိုရင် လျှော့ဈေးရော ရနိုင်မလား။
B.I : တစ်ခါတည်းမှာ အများကြီး ၀ယ်သင့်လား။ (၁၀)ခုလောက်ပေါ့။
Ms.A : မင်းက အရူးပဲ။
B.I : ကျွန်တော်က ၀မ် (၁) မီလီယံလောက်လိုချင်တာ။
Ms A: တကယ်လို့ မင်းအနေနဲ့ ၀မ် (၁) မီလီယံလောက်ဝယ်ရင်တောင် (၆) ခု လောက်ပဲရမှာ။ (၁၀) ခုဆိုရင် (၁) မီလီယံခွဲလောက်ရှိတယ်။
B.I : ဒါကအရမ်းဈေးကြီးတာပဲ။ ဒီအတွက် လျော့ဈေးမရှိဘူးလား။

ဆက်လက်ပြီး Mr.A က B.I ကို ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး တခြားသူတွေကိုမပြောဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဒီကိစ္စမှာ Mr.”C” ဆိုတဲ့တခြားရောင်းဝယ်သူလည်း ပါဝင်နေခဲ့ပါတယ်။ ဒါပေမယ့် Mr.A ဟာ B.I သုံးစွဲတဲ့အကြောင်းကို သူလည်းမသိရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် YG Entertainment ကတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့ပါတယ်။ "YG Entertainment အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အနုပညာရှင်တိုင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်တာပါ။ အမေရိကန်ကိုသွားပြီးလည်း ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေကို (၂) လတစ်ခါလောက် ဆေးစစ်မှုတွေ ပြုလုပ်ပါတယ်။ iKON အဖွဲ့ဝင်အားလုံးကလည်း ပရိုမိုးရှင်းမတိုင်မီမှာ ဆေးစစ်မှုပြုလုပ်ထားပြီးဖြစ်ပါတယ်။ B.I အပါအ၀င် အဖွဲ့ဝင်အားလုံးက သုံးစွဲတဲ့ဘာလက္ခဏမှ မပြပါဘူး"လို့ ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။